The Love Issue FHD

The Love Issue

Comedy Drama Romance TV Movie FHD 2023-02-08 6 90 Min

ဒီတစ်ခါတော့ ကြည်ကြည်နူးနူးလေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ခံစားရဦးမှာပါ…။မမျှော်လင့်ဘဲ တွေ့ဆုံကြရပေမယ့် ကိုယ်စီကိုယ်စီအကြောင်းလေးတွေကြောင့်ချစ်သူတွေအဖြစ်ဟန်ဆောင်ကြရတဲ့ ဇာတ်လမ်းသွားလေးကိုမှ ခံစားချက်အနိမ့်အမြင့်အစုံနဲ့ တင်ဆက်ပြထားပါတယ်…။မင်းသားနဲ့မင်းသမီးကို လိုက်ဖက်အောင် ဇာတ်အိမ်ဖွဲ့ထားပုံလေးက သိမ်သိမ်မွေ့မွေ့လေးပါ…။ဇာတ်အိမ်လေးကတော့…အလှအပမဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာဖြစ်တဲ့ ဒါဆီဟာမဂ္ဂဇင်းမျက်နှာဖုံးကာဗာရိုက်ဖို့အတွက် ဓာတ်ပုံဆရာတစ်ယောက်အလိုရှိနေတာပါ…။ရှာသမျှ ဓာတ်ပုံဆရာတွေကလည်း အလုပ်အချိန်ဇယားအပြည့်ဆိုတော့ကြံရခက်နေပါလေရော..ဆုံဆည်းဖို့အကြောင်းဖန်လာပြန်တော့လည်း အချစ်ကအနီးလေးတင်ရှိနေတာပါ…။နိတ်ဟာ နာမည်ကျော်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့ပြီး ကိစ္စလေးတစ်ခုကြောင့်အလုပ်ကနေ ခဏအနားယူနေတာပါအလုပ်ပြန်လုပ်မယ်ဆိုတော့ ဒါဆီနဲ့တွေ့ဖို့အကြောင်းဖန်လာပါလေရောသူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဘယ်လိုဖြစ်လာမလဲဆိုတာကိုရိုက်ကွင်းရိုက်ကွက်လှလှလေးတွေနဲ့မြင်တွေ့ရဦးမယ့်ကားလေးပါ…။