The Kitchen HD

The Kitchen

မိမိတို့ရဲ့လက်ရှိနေရာကနေဘယ်လိုမှမခွာနိုင်တဲ့ Kitchen လို့အမည်ပေးထားတဲ့ လူနေရပ်ကွက်တစ်ခုမှာ ကျွန်တော်တို့လူသားသမိုင်းရဲ့ မလွှဲမရှောင်သာဖြစ်လာတော့မယ့် လူတန်းစားခွဲခြားတာ၊ရက်စက်ကြမ်းကြုတ်တာ၊ နိုင်ထက်စီးနင်းလုပ်တာ နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး လူသားချင်းသာတူညီမျှမှုမရှိတော့ဘဲ လူတန်းစားကွာခြားမှုပိုပိုများလာပြီး အဖိနှိပ်ခံနဲ့ အသာစံ လူတန်းစားနှစ်ရပ်ကြားကကျောတစ်ခင်းစာနဲ့ စားစရာအတွက် စိတ်မချမ်းသာစရာ ပဋိပက္ခတွေကြားက London မြို့ကြီးရဲ့ မဝေးတော့တဲ့အနာဂတ်တစ်ခုရဲ့ လူ့အဖွဲ့အစည်းကြီးအကြောင်းကို ရိုက်ကူးထားတာပါသေပြီးသွားတဲ့နောက် မြေချစရာနေရာအတွက်တောင် မတတ်နိုင်တဲ့လူတန်းစားတစ်ရပ်အတွက်Life After Life ဆိုတဲ့ Company Service တစ်ခုကနေ သေပြီးသွားတဲ့လူတွေကို ပြာချပြီးသစ်ပင်တစ်ပင်အဖြစ်ပြောင်းလဲပြီး ဘယ်နေရာမှန်းမသိတဲ့နေရာတွေမှာ သဘာဝပတ်ဝန်းကျင်အတွက်အကြောင်းပြပြီး ပြောင်းရွှေ့စိုက်ပျိုးခြင်းခံရတယ်Kitchen မှာနေထိုင်တဲ့ အိဇီဆိုတဲ့တစ်ကောင်ကြွက်တစ်ယောက်ဟာ အဲဒီ service မှာအလုပ်လုပ် ငွေစုပြီး Kitchen ဆိုတဲ့ ချီးတွင်းထဲကနေရုန်းထွက်ပြီး လူလတ်တန်းစားဘဝတစ်ခုမှာ နေစရာတိုက်ခန်းတစ်ခုရဖို့အတွက်ကိုအသည်းအသန်ကြိုးစားနေရတဲ့လူတစ်ယောက်ပေါ့ တနေ့တော့ မမျှော်လင့်ထားဘဲနဲ့ သူတို့ service မှာ အသုဘလာလုပ်တဲ့ သေဆုံးသူအမျိုးသမီးရဲ့ ဘင်ဂျီ ဆိုတဲ့ကျန်ရစ်သူတစ်ကောင်ကြွက်သားတစ်ယောက်အဖြစ်နဲ့တွေ့ဆုံပြီး သူဘဝရဲ့ ကြိုးစားမှုအလှည့်အပြောင်းတွေနဲ့ အဖိနှိပ်ခံ Kitchen သားတွေရဲ့ အုံကြွမှုတွေကြားမှာ ဘဝကို ဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုတော့…….