Universal Soldier HD

Universal Soldier

Action Crime Thriller Science Fiction HD 1992-07-10 6.271 102 Min

ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီးသတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Lucကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ Andrew Scott က သူတို့​နောက်​ကိုလိုက်လာရာကနေ ရန်သူဟောင်းနှစ်​ဦးအားပြိုင်မှု ဖြစ်ပေါ်လာပါတော့တယ်။၉၂ ကထွက်ရှိခဲ့တဲ့ဒီဇာတ်ကားက အောင်​မြင်မှုရရှိခဲ့ပြီးနောက်​ဆက်​တွဲ​ဇာတ်ကား​များစွာ ထွက်​ရှိခဲ့ပါတယ်။ ၉၀ ခုနှစ်​ အက်ရှင်ဇာတ်ကားတွေရဲ့အငွေ့အသက်နဲ့အညီ ဖျော်ဖြေ​မှုကောင်းကောင်းပေးနိုင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ အက်​ရှင်ကြိုက်သူများဗန်ဒိန်းဖန်များ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။