ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်ကပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေတင်ဆက်ထားတာပါ။ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီးခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကိုအိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာကနောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကိုတိရစ္ဆာန်ကုဆေးရုံကသူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကိုပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ DownSyndrome ဖြစ်နေတဲ့ညီဖြစ်သူ Tommy နဲ့ ချစ်သူ April စုံတွဲဆီကို ပေးထားခဲ့ပြန်ပါတယ်။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ရုပ်ရှင်ကျောင်းကပါမောက္ခ Dave Schmerz ဖြစ်ပါတယ်။Careerပိုင်းမှာ မအောင်မြင်တဲ့ Dave ဘဝမှာ ခွေးလေးကသူ့ကိုယ်သူ ပြန်လည်သုံးသပ်မိစေဖို့ အထောက်အကူလေးပါ။ဒီအပိုင်းမှာတော့ ဒါရိုက်တာက ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့သူ့အမြင်တွေကိုသရော်ထားတာလည်း တွေ့ရမှာပါ။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ဘဝနေဝင်ချိန်ကို ရောက်နေတဲ့နောင်တတွေနဲ့ အဘွားအို NaNa ပါ။သူကတော့ ခွေးလေးကို Cancer လို့ ခေါ်ပါတယ်ဒီအပိုင်းမှာတော့ အဘွားဆီကို လာမတွေ့ဘဲ ငွေလိုမှသာလာတတ်တဲ့ မြေးဖြစ်သူနဲ့ အဘွား NaNa တို့ရဲ့ဆက်ဆံရေးကို မြင်တွေ့ရမှာပါ။ဒီအပိုင်းမှာတော့ သေခြင်းတရားဘဝရှင်သန်ခြင်းရဲ့အဓိပ္ပာယ်စတာတွေနဲ့ ပတ်သက်ပြီး Message ပေးထားပါတယ်။ Wiener Dog က ခွေးချစ်သူတို့ သဘောကျလေ့ရှိကြတဲ့ ခွေးလိမ္မာလေးနဲ့သခင်တို့ရဲ့ ဇာတ်လမ်းမျိုး မဟုတ်ပေမဲ့အချိတ်အဆက်မမိတဲ့အူကြောင်ကြောင် လူလေးယောက်ရဲ့ ဘဝကို ခွေးတစ်ကောင်နဲ့ ချိတ်ဆက်တင်ပြထားပါတယ်။Dark Comedy အမျိုးအစားဖြစ်ပြီး တွေးစရာ အတွေးစတွေအများကြီး ကျန်ခဲ့စေမဲ့ကားကောင်းတစ်ကားဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။