Blue Jay HD

Blue Jay

Drama Romance HD 2016-10-07 6.997 81 Min

ဒီတခေါက်တင်ဆက်ပေးထားတာကတော့American Horror Story, Ocean’s 8 စတဲ့ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါIMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူးဒီဇာတ်ကားကကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ်အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&Wအဖြစ်ရိုက်ထားပါတယ်ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကိုခဏပြန်လာကြတဲ့ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကိုဖန်တီးထားပါတယ်အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကိုပြန်တွေးအမှတ်ရစေပြီးကြည်နူးမိစေပါတယ်Before Sunrise လို ဇာတ်လမ်းသွားမျိုးကိုသဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ်ဇာတ်ကြောင်းလေးကတော့…ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့အိမ်ကပစ္စည်းတွေကိုရှင်းရင်းအိမ်ကိုပြန်ပြင်ပြီး ရောင်းဖို့အတွက် ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ်တနေ့ ဈေးဝယ်ထွက်ရင်း ဆိုင်မှာ သူ့အချစ်ဦးဖြစ်တဲ့ငယ်သူငယ်ချင်း အမန်ဒါနဲ့ပက်ပင်းတိုးပါတော့တယ်နှစ်ယောက်သား ပြန်နှုတ်ဆက်ကြရင်းတယောက်အကြောင်းတယောက်မေးကြရင်းကနေဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ဆက်လက်ရှုစားလိုက်ကြပါဦးနော်