ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက်ဗဟုသုတ ရမယ့် documentaryတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever – ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့လုပ်ငန်းလှည့်ကွက်တွေအကြောင်းကိုကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်းသေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့အလိမ်အညာတွေကြားထဲမှာနစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။လက်ဝတ်ရတနာတွေကြားမှာဈေးအကြီးဆုံးအဖြစ်သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကိုဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီးဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့စိန်တို့ကြားကဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကိုဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြားလှောင်ပိတ်ထားပြီးအမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုးချန်ပေးခဲ့မယ့်Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများအထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။