ဆရာဝန်တွေကိုပဲ ရွေးချယ်ပြီး သတ်နေတဲ့ လူတစ်ယောက်၊သူဟာ လူသတ်ပြီးသွားရင်လည်း ပန်းလေးတစ်ပွင့်ကို သူသတ်ပါတယ်ဆိုတဲ့အနေနဲ့အမြဲချန်ထားခဲ့တဲ့ လူသတ်သမား၊ ဆရာဝန်တွေကို သတ်တဲ့အခါမှာလည်းသူ့ရဲ့ပုံစံထဲကနေ သတ်တယ်ဆိုပေမဲ့လို့ မတူညီတဲ့နည်းလမ်းတွေနဲ့သတ်တဲ့သူ။ဒီ ဆိုက်ကိုပါ့သ်လူသတ်ကောင်ကို ဖမ်းဖို့ တာဝန်ပေးခဲ့ရတဲ့ ဘိုင်ရာ့ဗ်ဆိုတဲ့အရာရှိနဲ့ ဆိုက်ကိုပါ့သ်လူသတ်ကောင်တို့ကြား ဉာဏ်ချင်းယှဉ်ပြိုင်ကြရင်းကြားထဲကနေ ဆရာဝန်ဘယ်နှစ်ယောက်လောက် အသတ်ခံရပြီးမှဒီလူသတ်သမားကို ဖမ်းမိသွားမှာလဲ……….ဒီဆိုက်ကိုပါ့သ်လူသတ်ကောင်ကရော ဘာလို့ ဆရာဝန်တွေကိုမှ ရွေးသတ်နေရတာလဲ ……ဘိုင်ရာ့ဗ်ကရော ဒီအမှုကို ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာကိုလျှို့ဝှက်ဆန်ဆန်နဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။