Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လိုHatred အမုန်းလို့ နာမည်ပေးထားပါတယ်။ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်ကအဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့စကားလုံးလို့ပဲ ထင်ခဲ့တာပါ။ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေတကယ်ဖြစ်ခဲ့တဲ့Volhynia – ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။Rating တွေက စ’ပြောပြရင်တော့ဒီဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့Rating 7.6/10 ရထားပါတယ်။Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။တကယ်ကိုထိုက်တန်ပါတယ်ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့လူမျိုးရေး ဘာသာရေးနိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကိုထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေးဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့နည်းနည်းစဉ်းစားပါဦး။ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ စကားအရဆိုလည်း ဒီဇာတ်ကားကိုမကြည့်သင့်တဲ့ အကြောင်းအရင်းဆိုလို့ အဲ့ဒါပဲပါပါတယ်တဲ့။ဒါပေမယ့် အဲ့လောက်ဆိုးရွားတဲ့သမိုင်းအကြောင်းတွေ သိထားရတော့လည်း နောက်ထပ်ထပ်ရှိမလာအောင် ဆင်ခြင်နိုင် လက်ဆင့်ကမ်းနိုင်တာမျိုးတွေ ပိုလုပ်နိုင်သွားမှာမျိုးပေါ့။ ပိုလန်မိန်းမငယ်လေးတစ်ယောက်အကြောင်းကိုမူတည်ပြီးအဖြစ်အပျက်အားလုံးနီးပါးကို ရိုက်ထားလို့သရုပ်ဆောင်နေတယ်ဆိုတာ/ဇာတ်ကားဆိုတာမေ့သွားလောက်တဲ့အထိ ကြည့်မိနေမှာပါ။အစပိုင်းကိုလူများတွေကဖောက်ပြန်တဲ့မိန်းမဇာတ်ကားများလားထင်သွားတာလို့ ပြောကြပါတယ်။အဲ့လိုဆိုတော့18+ အခန်းတွေလည်း ပါပါတယ်။ရသစုံတယ်တို့ ပြောဖို့ခက်ပေမယ့်တကယ့်အဖြစ်အပျက်ဆိုးတွေဖြစ်ခဲ့တဲ့အချိန်ကို တကယ်မြင်နေရသလို ကြည့်ရတာမို့ဇာတ်ကားနောက် ပါသွားပြီး တစ်ခုခုကိုတကယ်ကြီး ခံစားရမှာပါ။နားမလည်လိုက်ဘူးလို့ ဖြစ်တာမျိုးတွေရှိခဲ့ရင်တခြားနိုင်ငံတကာက ကြည့်သူ့တွေလည်းဖြစ်ကြပါတယ်တဲ့။ ကြည့်ရင်းနဲ့ သိသွားမှာပါ။ အဓိက ရိုက်ပြထားတာက ပိုလန်နဲ့ ယူကရိန်းကြားကရင်နင့်ဖွယ် ဂျီနိုဆိုက်-လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ရပ်မှန်ကိုပါ။ အပြန်အလှန် ရန်ငြိုးရန်စလက်တုံ့ပြန်မှုတွေကလူကို လူလို့မြင်ဖို့ခက်တဲ့အထိက ဖြစ်ကုန်စေတာတွေပါ။ဒုတိယတစ်ခေါက်ကြည့်ရင် ဇာတ်ကားကောင်းတိုင်းလိုလိုကရိုးမသွားဘဲ ပိုမြင်ပိုကြည့်ကောင်းတာသိကြမှာပါ။ဒီဇာတ်ကားလည်း အဲ့လို ကားမျိုးပါပဲ။ ဒါပေမယ် ဒုတိယတစ်ခေါက်ကြည့်မယ်ဆိုအနိဌာရုံတွေကို ကျော်ပြီးဖြစ်ဖြစ် မျက်စိမှိတ်၊အသံဖျောက်ထားပြီးဖြစ်ဖြစ် ကြည့်ကြည့်ပါဇာတ်ကားအကြောင်းထပ်ပြောရရင်တော့အဲ့ဒီဇာတ်ကားက ပိုလန်အကယ်ဒမီတွေ ၉ ဆုခန့် ရခဲ့ပါတယ်။သရုပ်ဆောင်တိုင်းနီးနီးမှာ သရုပ်ဆောင်နေတယ်ဆိုတာခံစားမိအောင်လုပ်တဲ့လူကို မပါသလိုပဲကလေးငယ်ငယ်လေးတွေ ထည့်ထားတာကအစတကယ့်ကို အံဝင်ခွင်ကျ တကယ်ဖြစ်နေတယ်ချည်းထင်ရတာ။အများကြီးတွေ ထက်မပြောတော့ပါဘူး။ သမိုင်းထဲက အဖြစ်အပျက်တစ်ခုကိုကြည့်ကြည့်လိုက်ပါ။ It’s worth it ပါ၊