Nightmare on 34th Street HD

Nightmare on 34th Street

Comedy Horror HD 2023-12-05 3.667 110 Min

ခရစ္စမတ်ရာသီကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတဲ့Slasher/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဝေဒနာနဲ့ စိတ်ဒုက္ခတွေခံစားနေရတဲ့လူသုံးယောက် တစ်ယောက်တစ်မျိုးစီသောင်းကျန်းကြပုံကို ပုံပြင်လေးတွေအနေနဲ့ပြောပြသလို ရှုစားရမှာဖြစ်ပါတယ်။လူ့အသိုင်းအဝိုင်းနဲ့ မိသားစုရဲ့ဒဏ်တွေကို မျိုသိပ်မထားနိုင်တော့တဲ့နောက်မှာတော့ ဆန်တာရယ်၊ နတ်သူငယ်ရယ်၊ နှင်းလူသားရယ်လို့နာမည်ပြောင်ရခဲ့တဲ့ စိတ္တဇလူသတ်သမားသုံးယောက်ပေါ်လာပါတော့တယ်။ သူတို့သုံးယောက်သား ထောင်ထဲမှာဆုံမိသွားကြပြီးထောင်ဖောက်လွတ်မြောက်လာပြီးတာနဲ့ သုံးယောက်ပေါင်းပြီးထပ်သောင်းကြမ်းကြပြန်ပါတယ်။ Christmas ရဲ့ cozy vibeလေးနဲ့Halloween ဆန်ဆန် သွေးသံတရဲရဲနဲ့ ကြောက်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။