ဇာတ်လမ်းအကျဉ်းကတော့ သူဌေးကြီးတစ်ယောက်ရဲ့ မြေပေါ်က အဆောက်အဦးတစ်ခုမှာစားသောက်ဆိုင်တွေ ကိုယ်စီဖွင့်ကြရင်း တစ်ပိုင်တစ်နိုင်နဲ့ လုပ်စားကြတဲ့ စားဖိုမှူးတွေ ရှိကြပါတယ်။ဒါပေမယ့် သမ္မာအာဇီဝကျကျ လုပ်စားနေကြတဲ့ သူတို့ဘဝတွေကို ဂြိုဟ်ဆိုးဝင်မွှေပါတော့တယ်။မြေပိုင်ရှင် သူဌေးကြီးက အဲအဆောက်အဦးကို ဖျက်ပြီးတော့ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်တော့မှာမို့သူတို့အားလုံးကို အချိန် သုံးလ ပေးပြီးတော့ နှင်ထုတ်ပါတော့တယ်။ဒါပေမယ့် သူဌေးကြီးရဲ့ ညီဖြစ်သူကတော့ သုံးလအချိန်ပေးတာကို မကျေနပ်ဘဲစားဖိုမှူးတွေကို အမြန်ဆုံးထွက်သွားအောင် နှင်ထုတ်ဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ ထုတ်သုံးတာတဲ့အချိန်မှာတော့စားဖိုမှူးတွေလည်း သူတို့လုပ်ငန်းရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်ကြရပါတော့တယ်….