ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10အထိရရှိတားပြီး ဒါရိုက်တာ Quentin Dupieux ရိုက်ထူးထားပြီး၂၀၁၉ကထွက်ရှိထားတဲ့ Deerskinဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကအကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအကောင်းဆုံးရုပ်သံတည်းဖြတ်ဆု ပရိတ်သတ်က ရွေးချယ်မှုအများဆုံးဆုနဲ့ ဆန်ကာတင်စာရင်း ၁၁ဆုထိချိတ်ထားပါတယ်ဒီဇာတ်ကားမှာ ပြင်သစ်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေဖြစ်ကြတဲ့မင်းသားJean Dujardin နဲ့ မင်းသမီး Adele Haenelတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းကဂျောချ့်ဆိုတဲ့ မိန်းမနဲ့ကွာရှင်းပြီး ခြေဦးတည့်ရာ ထွက်လာတဲ့လူတစ်ယောက်ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း ဆိုင်တစ်ခုမှာ သားမင်သားရေစစ်စစ်နဲ့ လုပ်ထားပြီး သဘာဝလွန်စွမ်းအင်တွေနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ဂျက်ကတ်အင်္ကျီတစ်ထည်ကို ဝယ်လိုက်ိမပါတယ် ရောင်းတဲ့သူကလည်းဂျော့ချ်ကိုကျေးဇူးတင်လွန်းလို့ လက်ဆွဲဗီဒီယိုကင်မရာလေးတစ်လုံးပါအပိုအနေနဲ့ လက်ဆောင် ပေးလိုက်မိရာကနေ စပါတယ် နောက်တစ်နေ့ငွေသွားထုတ်တဲ့ အချိန်မှာတော့ ဂျော့ချ်တစ်ယောက်သူ့မိန်းမဖြစ်သူကဘဏ်စာရင်း ပိတ်လိုက်တာကို ခံလိုက်ရပါတယ် ဒီလိုနဲ့ ဂျောချ်တစ်ယောက်စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုကိုသွားထိုင်မိရာကနေ ဒန်းနစ်ဆိုတဲ့ တည်းဖြတ်တာကိုဝါသနာပါတဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံမိပြီး သူ့ကိုယ်သူ ရုပ်ရှင်ရိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း သူဒီကိုရုပ်ရှင်ရိုက်ဖို့အတွက် လာလေ့လာဖြစ်ကြောင်း လိမ်ညာမိလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ သူ့ရဲ့ထုတ်လုပ်သူနဲ့အဖွဲ့သားတွေဟာ ဆိုက်ဘေးရီးယားမှာ အရေးကြီးတဲ့ရုပ်ရှင်တစ်ကားကိုရိုက်နေတဲ့အတွက် သူ့ဇာတ်ကားအတွက် တည်းဖြတ်တဲ့သူတစ်ယောက်လိုနေကြောင်းပြောပြီး ဒန်းနစ်ကို တည်းဖြတ်တဲ့သူအဖြစ်ခန့်အပ်လိုက်ပြီးလက်ဆွဲကင်မရာတစ်လုံးနဲ့ ဗီဒီယိုလိုက်ရိုက်ပါတော့တယ် ဒီလိုနဲ့ ဂျက်ကတ်အင်္ကျီရဲ့လွှမ်းမိုးမှုကို တဖြည်းဖြည်းခံလာရတဲ့ ဂျော့ချ်တစ်ယောက် ဒန်းနစ်ရဲ့အကူအညီနဲ့ “ကမ္ဘာပေါ်မှာတစ်ဦးတည်းသော ဂျက်ကတ်အင်္ကျီဝတ်တဲ့သူဖြစ်ရမယ်”ဆိုတဲ့ ခပ်ကြောင်ကြောင်အိပ်မက်တစ်ခုကို အကောင်အထည်စဖော်ရင်း ပြစ်မှုတွေကိုပါ ကျူးလွန်မိလာပါတော့တယ် အဲ့နောက်ဘာတွေကိုကြုံတွေ့လာရမလဲ သူ့ရဲ့အိပ်မက်ကိုကော အပြီးသတ်အကောင်အထည်ဖော်နိုင်ပါ့မလား ဘယ်လိုတွေကြိုးပမ်းမလဲ ဒန်းနစ်ကကော ဂျောချ့်ရဲ့လိမ်ညာမှုတွေကိုသိရှိသွားမလားဆိုတာဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး…ဒီဇာတ်ကားက Comedy &Horror အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေလက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်…