ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်လမ်းကတော့ဟောင်ကောင်ရဲဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲမှူး လီကျစ်ရှင်ကကျန်းမင်ကို မူးယစ်ဆေးမှောင်ခိုအဖွဲ့အစည်းထဲသို့သူလျှိုအဖြစ်ဝင်ခိုင်းပြီး ခေါင်းဆောင်ဖြစ်သူဟန်ယန်ကိုဖမ်းဆီးခိုင်းခဲ့တယ်ဒါပေမဲ့ကျန်းမင်က အခြေအနေအရမတတ်သာပဲ အမှောင်ဘက်သို့တဖြည်းဖြည်းရောက်ရှိသွားခဲ့တယ် လီကျစ်ရှင်က ပြန်ကယ်ချင်ပေမယ့်မအောင်မြင်ပဲ ဆရာတပည့်နှစ်ယောက်က ရန်သူတွေဖြစ်လာခဲ့ပြီးတော့ပြန်အဖတ်မဆည်နိုင်ဖြစ်ခဲ့ရလေတယ်ဒီဇာတ်လမ်းလေးမှာ ဆရာတပည့်ဆက်ဆံရေးက နောက်ဆုံးဘယ်လိုဖြစ်လာမလဲကျန်းမင်နောက်ဆုံးမှာ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါစို့