အိန္ဒိယနန်းတွင်းရုပ်ရှင်နှစ်သက်သူတွေအတွက် ပန်ချာပီစကားပြော နန်းတွင်းရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဧကရာဇ် နာဒါ တန်ခိုးထွားနေတဲ့အချိန်။ အတိုင်းအတိုင်းအပြည်ပြည်ကို စစ်သည်တစ်စုနဲ့ချီတက်သိမ်းပိုက်ရင်း အောင်မြင်တောက်ကြွားနေပါတယ်။အဲဒီလို အောင်ပွဲခံနေတဲ့အချိန်မှာမှအရှင်မင်းကြီးနာဒါတပ်ထဲက သိမ်းယူလာတဲ့ပစ္စည်းတွေအကုန်လုံးကို ခိုးယူခံလိုက်ရပါတယ်။သူရောက်နေတာက လာဟိုး။ ဘုရင်ကြီး အမျက်ချောင်းချောင်းထွက်ပြီး လာဟိုးဘုရင်ဆီကိုဖြေရှင်းချက်တောင်းတဲ့အချိန်မှာ ဘုရင်ကြီးနာဒါရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူသွားသူတွေကဆစ်ခ်လူမျိုးတွေတဲ့။ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကို ဖမ်းဆီးဖို့ လွှတ်လိုက်တဲ့စစ်သည်တော် တစ်ရာ့နှစ်ဆယ်တပ်ဖွဲ့ဟာ သွားဖမ်းတဲ့သူကိုမပြောနဲ့သူတို့ကိုယ်တိုင် မပြန်လမ်းကို မြန်းကြရပါတယ်။ဒီလို ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကိုပဲ ဖမ်းခေါ်လာဖို့ လာဟိုးဘုရင်ကိုဘုရင်ကြီးနာဒါ မိန့်ကြားပါတော့တယ်။ဒီလိုနဲ့ လာဟိုးဘုရင်ဖြစ်သူ ဇာကီရာ ဆစ်ခ်လူမျိုးသူပုန်ကို ဖမ်းဖို့ ကြိုးစားရပါတော့တယ်။