An Ice Palace Romance HD

An Ice Palace Romance

Comedy Romance TV Movie HD 2023-12-14 8.7 84 Min

လော်ရီမာရှယ်ဟာ သတင်းဌာနတစ်ခုမှာ ဌာနခွဲအသစ်ရဲ့ခေါင်းဆောင်ဖြစ်အောင် ကြိုးပမ်းနေတဲ့ သတင်းသမားတစ်ယောက်ပေါ့။ လုပ်ငန်းလိုအပ်ချက်အရ သူ့ဇာတိမြိုလေးဆီက ရေခဲနန်းတော်ဆိုတဲ့ သမိုင်း၀င်စကိတ်ကွင်းဆီ သွားရဖို့ ဖြစ်လာပါတယ်။ လော်ရီအတွက် ပြန်မသွားချင်ဆုံးနေရာ၊ ပြန်မတွေးချင်ဆုံးအတိတ်ပေမဲ့ မြို‌လေးဆီပြန်ပြီး အတိတ်ကို ပြန်တူးဖော်ရမဲ့အကြောင်းတွေ ပေါ်လာပါတယ်။ အဲဒီမှာ မာ့ခ်နဲ့ဇိုဝီတို့သားအဖနဲ့ ကြုံဆုံမိပါတော့တယ်။ရေခဲနန်းတော်နဲ့ပတ်သက်လို မာ့ခ်နဲ့လော်ရီတို ထိပ်တိုက်ရင်ဆိုင်ရမဲ့ ပြဿနာက သမိုင်း၀င်အဆောက်အအုံစကိတ်ကွင်းကို ဖျက်ပြီး ခေတ်မီကွန်ဒိုတွေဆောက်မဲ့ ကိစ္စပါပဲ။ ရေခဲနန်းတော်ကိုကာကွယ်မဲ့ မာ့ခ်နဲ့ အထက်ကခိုင်းတဲ့အတိုင်း လုပ်ရမဲ့လော်ရီတို ဘယ်လိုထိပ်တိုက်တိုးမလဲ၊ ဇာတိမြိုလေးမှာလော်ရီရဲ့ပျောက်ဆုံးသွားတဲ့ အိပ်မက်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ ဇာတိကိုပြန်ပြီး နဖူးစာရွာလည်တဲ့ လော်ရီတစ်ယောက် အချစ်နဲ့အလုပ်ကြား ဘာကိုရွေးချယ်မလဲ… ဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမှာပါ။ ခရစ္စမတ်ကိုခပ်ပါးပါးနောက်ခံထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်တာမို Romanceရုပ်ရှင်ပရိသတ်ကြီး ကြည့်ရှုထားသင့်ပါကြောင်း ညွှန်းပေးလိုက်ပါရစေနော်။