Saving Face HD

Saving Face

Comedy Drama Romance HD 2005-05-27 7.324 97 Min

အက်ရှင်ခန်းတွေမပါပေမဲ့ အေးအေးလေးနဲ့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားပေးမဲ့ IMDb rating 7.4/10 နဲ့ Rotten Tomatoes88% ထိရရှိထားတဲ့ တရုတ်ဒရာမာတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ The Last Emperor ထဲကမိဘုရားWan Jung အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Joan Chenလည်းပါဝင်ထားပြီး ဒါရိုက်တာ Alice Wuရဲ့လက်ရာဖြစ်ပါတယ်။အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၊ ဖလက်ရှင်းရပ်ကွက်က တရုတ်-အမေရိကန်လူမှုအသိုင်းအဝိုင်းကို အခြေတည်ပြီး အဲ့မှာနေတဲ့ တရုတ်မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ အဲ့ခေတ်တုန်းကအမေရိကန်မှာနေတဲ့ တရုတ်လူမျိုးတွေဟာ လူဖြူချွေးမ မလိုချင်ကြသလို၊ တစ်ခုလပ်အမျိုးသမီးတွေကလည်း နောက်အိမ်ထောင်ထပ်မပြုကြဘူး။ သေချာပေါက် လိင်တူချစ်တာမျိုးကိုလည်း အားမပေးကြဘူးပေါ့။ရှောင်ဝေဟာ အလားအလာကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီးသူ့အမေကတော့ ငယ်ငယ်က မိဘပေးစားတဲ့သူနဲ့ပဲ အိမ်ထောက်ကျပြီးတဲ့နောက် ခင်ပွန်းကွယ်လွန်သွားတော့ ၄၈နှစ်အရွယ်ထိ မုဆိုးမဘဝနဲ့ပဲနေလာခဲ့တဲ့သူပေါ့။ ငယ်ငယ်တုန်းကလည်း မိဘအရိပ်အောက်၊ ယောက်ျားရတော့လည်း ယောက်ျားအရိပ်အောက်၊ ယောက်ျားသေတော့လည်း မိဘအရိပ်အောက်မှာပဲ တစ်ဘဝလုံးနေလာရတဲ့သူ့အမေ။ ရှောင်ဝေ့အဘိုးကတော့ သူ့သမီး အဲလိုဗိုင်းကောင်းကျောက်ဖိလိမ္မာတာကို ကျေနပ်နေပြီးသူ့သမီးဘဝက အပူအပင်မရှိဘူးလို့ ထင်နေတဲ့သူ။ တစ်နေ့ကျ ရှောင်ဝေ့အမေဟာ ကိုယ်ဝန်ရှိလာခဲ့တယ်။ သူ့အမေက ကလေးအဖေကိုလည်းထုတ်မပြောတော့ သူတို့အသိုင်းအဝိုင်းမှာ ပြောစရာတစ်ခုဖြစ်လာတော့တာပေါ့။ ဒါ့အပြင် ရှောင်ဝေကလည်း သူ့လိုမိန်းကလေးတစ်ယောက်ကိုမှချစ်မိနေတဲ့အခါ…။ထိုခေတ်ထိုအခါက လူမှုအသိုင်းအဝိုင်းကနေ ကွဲထွက်နေတဲ့ ရှောင်ဝေတို့သားအမိရဲ့ဘဝကို ရှုထောင့်အစုံကနေ တင်ဆက်ထားပြီး လူ့စိတ်လူ့သဘာဝတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဗျာ။