The Secret Life of Bees, Girls’ Trip, Hustle စတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင်ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင်ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ်လို့ ပြောလို့ရပါတယ်။၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။Miss Georgia Berd – နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြောရရင်တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်းဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့်သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ” ဟိုင်း စားပြီးပြီလား ” အပြင်အဆင့်မတက်ရဲတဲ့လူပေါ့။ အလုပ်ကြိုးစားသလောက် အသိအမှတ်အပြုမခံရပေမယ့် သူလည်း သူ့အိပ်မက်နဲ့သူ ရှိခဲ့ရှာပါတယ်။ဒီလိုနဲ့ ရှားပါးဦးနှောက်အကြိတ်ရောဂါရှိနေကြောင်း ဆေးစစ်အဖြေထွက်လာတဲ့ တစ်နေ့မှာတော့ မကောင်းတဲ့ကံကို ရှိသမျှအသပြာအကုန်ကျဲပြီးချေချမယ်ဆိုပြီး သူခင်းလိုက်တဲ့ မထူးဇာတ်လေးက အဆန်းသားပါ။ တစ်သက်လုံးရှာထားတဲ့ စုငွေတွေနဲ့ အမွေဆိုင်ပိုက်ဆံတွေပါ အပုံလိုက်ထုတ်ပြီးပြင်သစ်မှာ အကင်အစစ်တွေ သွားစားဖို့လုပ်တာပါပဲ။ ရှက်တတ် ကြောက်တတ်တဲ့ Georgia ကနေ တွေ့တာအကုန်ဆွဲတဲ့ မဒမ် Georgia ဖြစ်သွားတော့လူကုံထံဟိုတယ်ကသူတွေကြားထဲမှာပါ ဆယ်လီဖြစ်ပြီး သေခါနီးမှ စန်းထနေပါတော့တယ်။ သူ့ဘဝသူ ပျော်ပျော်နေဖို့လာတဲ့သူကို အထက်က အာဏာရပုဂ္ဂိုလ်လို့ ကြိတ်ရှိန်ပြီး အိုးမလုံအုံပွင့်နေကြတဲ့လုပ်ငန်းရှင်တစ်သိုက်နဲ့ ပေါင်းမိသွားတဲ့အခါမှာ …. မထင်ထားတဲ့ ကံကောင်းခြင်းတစ်ခုက ….ဒီဇာတ်လမ်းလေးက ရောဂါသည်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို ကုန်ဆုံးပုံဆိုပေမယ့် ဝမ်းနည်းပျင်းရိ စိတ်ဓာတ်ကျစရာမဟုတ်ဘဲ အပျော်ခရီးထွက်နေရသလို ရယ်စရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလို့ရမယ့် ဇာတ်လမ်းမျိုးလေးမို့ အမူအရာတွေ ချဲ့ကားသရုပ်ဆောင်ထားတာမျိုးမရှိတဲ့ ဟာသဇာတ်ကား Fan လေးတွေ အကြိုက်တွေ့စေမယ့် Movie တစ်ပုဒ်ပဲဖြစ်ပါတယ်။