Polaris HD

Polaris

ဒီ “Polaris” ဆိုတဲ့ Documentary လေးမှာတော့ ဟာရက်မိုးခမ်းနစ်ရှ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို လိုက်လံကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သူဟာ ငယ်ဘဝမှာ မိခင်ဖြစ်သူကဆေးစွဲပြီး ဖခင်ဆိုတာလည်း ဘယ်သူဘယ်ဝါရယ်မှန်းမသိဘဲ ကြီးပြင်းလာခဲ့ရတဲ့သူတစ်ဦးပါ။အခုချိန်မှာ သူ့အတွက် မိသားစုဆိုတာ ညီမဖြစ်သူလေလာနဲ့ လေလာရဲ့သမီးဖြစ်သူ အင်နာယာရယ်ပဲရှိတာပါ။ဟာရက်ဟာဆိုရင် Iceland ရေခဲပိုင်းဒေသတွေမှာ လှေသင်္ဘော ကပ္ပတိန်တစ်ဦးအနေနဲ့လုပ်ကိုင်နေတဲ့သူပေါ့။ ဒီ Documentary မှာဆိုရင် သူ့အနေနဲ့အမျိုးသားတွေပေါများတဲ့အလုပ်ခွင်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာနဲ့အညီ လိင်ပိုင်းဆိုင်ရာထိကပါးရိကပါးလုပ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေအကြောင်းနဲ့ သူ့ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် ခု အသက် ၃၅ ဝန်းကျင်ထိ ချစ်ခြင်းမေတ္တာကိုရှာဖို့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။