ဇာတ်လမ်းလေးကတော့ လျောင် စုန့် ဟန့် သုံးပြည်ကိုအခြေတည်ထားပြီး ရုံချီဧကရာဇ်နှစ်၃နှစ်မှာ တစုန့်ပြည်ရဲ့ နာမည်ကျော်စစ်ဦးစီမှူးယန်ယဲ့ဟာလျောင်ပြည်နဲ့စစ်တိုက်ရာမှာ အရေးမသာခဲ့ဘဲ လျောင်ပြည်ရဲ့စစ်သူကြီးလျိုကျန့်ရှန်းဦးဆောင်တဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်အောက်မှာအသက်ကိုစတေးသွားခဲ့ရပါတယ် သူ့ရဲ့နာမည်ကြီး ရွှေဓါးဟာလည်းလျောင်ပြည်ရဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါတယ်ယန်ယဲ့ရဲ့ စစ်သည်တော်တစ်လက်ဖြစ်တဲ့ ကျောင်းကွမ်းဖူကတော့အသက်ဘေးကနေလွတ်ပြီးတော့ လျောင်ပြည်ရဲ့လျိုယဲ့မြို့လေးမှာ တည်းခိုဆောင်လေးဖွင့်ကာဇာတ်မြှုပ်နေပြီးတော့ တစ်နေ့မှာရွှေဓါးကို ပြန်ယူပြီးတော့တစုန့်ပြည်ကို ပြန်ဖို့ကတော့ သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပါတယ်ထိုနည်းတူစွာပဲတစ်ဖက်မှာလည်း ယန်ယဲ့ရဲ့ သမီးတွေဖြစ်တဲ့ ယန်ချီနဲ့ယန်ယင်းကလည်း လျောင်ပြည်ရဲ့ ဝန်ကြီးအိမ်တော်ကိုခိုးဝင်ပြီး သူတို့ဖခင်ရဲ့ ရွှေဓါးကိုပြန်လည်ခိုးယူခဲ့ပါတယ်အင်အားကြီးတဲ့ လျောင်စစ်တပ်က အလွတ်မပေးဘဲ သူတို့နှစ်ယောက်ကိုလိုက်လံဖမ်းဆီးရာမှာတော့ ဇာတ်မြှုပ်နေတဲ့ ကျောင်းကွမ်းဖူနဲ့ တစုန့်လူမျိုးချင်းတူတဲ့ယန်ယဲ့ရဲ့ သမီးတွေနဲ့ ဆုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ ယန်ယဲ့ရဲ့ရွှေဓါးကို တကယ်ပဲ တစုန့်ပြည်ကိုပြန်လည်ပို့ဆောင်နိုင်ပြီးစစ်ဦးစီးမှူးယန်ယဲ့အတွက် ကလဲ့စားချေပေးနိုင်မှာလားဆိုတာကိုတော့ရှေးခေတ်စစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်….