ဒီရုပ်ရှင်ကတော့ သမိုင်းကိုအခြေခံပြီးတော့ စိတ်ကူးယဥ်ဇာတ်လမ်းဖန်တီးထားတာပါ။ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ က အိန္ဒိပြည်ကနေအကျိုးအမြက်တွေရရှိအောင် လုပ်နေတဲ့ကာလမှာပဲ ဂျန်စီပြည်နယ်ရဲ့အုပ်စိုးသူဖြစ်နေတဲ့ ဘုရင်မရာနီက ပြည်နယ်ကို အလွယ်တကူအပ်ဖို့ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံး အထိ သူဘယ်လိုခုခံသွားသလဲဆိုတာကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းမှာတော့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့အဲဒီခေတ်အခါကအခြေအနေတွေကိုထင်ဟပ်အောင်ရိုက်ကူးထားပါတယ်။ ဒါရိုက်တာSwati Bhise က ရိုက်ကူးထားပြီးတော့ VIWIFF ရဲ့ Impact Awardကို ရရှိထားပါတယ်။