Taylor Swift: Speak Now World Tour Live FHD

Taylor Swift: Speak Now World Tour Live

Documentary Music FHD 2011-02-09 8.7 129 Min

Speak Now Tour ကိုတော့ သိပ်ကို ခမ်းနားတဲ့ ပြဇာတ်တစ်ပုဒ်လို့တင်စားချင်ပါတယ်။ ဘာသာပြန်သူ ကိုယ်တိုင်လည်း Speak Nowera မှာ Swiftie တစ်ယောက်ဖြစ်ခဲ့တာပါ။ အဖေဝယ်လာပေးတဲ့Speak Now Tour အခွေကို တစ်နေ့ တစ်ခေါက်မှ မကြည့်ရရင်မနေနိုင်ခဲ့ရလောက်အောင်ကို ဒီ Tour ကို သဘောကျပါတယ်။အားလုံးသိတဲ့အတိုင်း စင်မြင့်ထက်မှာ ဂီတပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလို ပရိသတ်ကို ဖျော်ဖြေတင်ဆက်တတ်တာ Taylor ရဲ့စတိုင်လ်တစ်ခုပါ။ ဒီလို ဖျော်ဖြေမှုတွေထဲကမှ ပြဇာတ်အဆန်ဆုံးကSpeak Now Tour ပါ။Sparks Fly သီချင်းနဲ့ အငွေ့တွေကြားကနေ Taylor ထွက်လာပုံတွေ…Speak Now သီချင်းကို ဇာတ်လမ်းတစ်ပုဒ်လို သရုပ်ဖော်သွားတွေ …စသဖြင့်ပေါ့။ အမှန်တိုင်းပြောရရင် ဘာသာပြန်က The Eras Tour ကEnchanted ဖျော်ဖြေမှုထက် Speak Now Tour က Enchantedဖျော်ဖြေမှုကို ပိုပြီး သဘောကျမိသူပါ။ The New Taylor က သူ့နည်းသူ့ဟန်နဲ့ slay နေသလို the Old Taylor လေးကိုလည်း ရင်မှာ စွဲကျန်နေဆဲပါ။ ဒါကြောင့်မလို့ Speak Now ကို အားလုံး ပြန်လည်ခံစားနိုင်ဖို့Speech သီးသန့် ဘာသာပြန်လေးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။