ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့်ဂျပန်အက်ရှင်ဟာသကားလေးပါ။ဇာတ်လမ်းအကျဥ်းလေးကတော့…တာကာဆိုသူဟာ ဘဝမှာဘာကိုမှမည်မည်ရရမလုပ်ဆောင်တတ်ဘဲဖြစ်ရင်ဖြစ်သလို ဆန်ကုန်မြေလေးတတ်သူပါ…။ဘာမှသိပ်ထူးထူးခြားခြားမရှိတဲ့သူ့ဘဝထဲကို တစ်နေ့မှာတော့တိတ်ခွေတစ်ခွေရောက်ရှိလာပါတယ်…။တိတ်ခွေထဲမှာတော့ အမျိုးသမီးတစ်ယောက်အသံနဲ့သူ့အစ်ကိုကိုဖမ်းခေါ်ထားကြောင်း၊ ဘယ်နားမှာသွားကယ်ရမည်ဖြစ်ကြောင်း၊ကယ်ဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုကြောင်း စတာတွေပါရှိပါတယ်။ဒီလိုနဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ တာကာဟာသူ့အစ်ကိုကိုကယ်ဖို့ဆိုပြီး ခရီးကြမ်းထွက်ခဲ့လိုက်ပါတော့တယ်…။ဘယ်လို အန္တရာယ်တွေကြုံတွေ့ရမလဲ၊ ဘယ်လိုကြောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။