အခုတစ်ခါမှာတော့ ကန်နန်ဒါဘာသာစကားနဲ့ထွက်ရှိလာတဲ့ Action ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါဦးမယ်။လူအယောက် 2.4K က IMDb 8.3 အထိ ပေးထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးပေါ့နော်။မင်းသားဒါရှန်အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီကားလေးကို ဇာတ်လမ်းအစအနေနဲ့လူအရိုးစု107ခုရှာတွေ့ပုံနဲ့ ဇာတ်အိမ်ပျိုးထားပါတယ်။ဒီလူအရိုးစုတွေဟာလည်း ထူးထူးဆန်းဆန်းပဲ လူမသိ သူမသိ မြှုပ်နှံခံထားရပါတယ်။ ဘာ့ကြောင့်လဲဆိုတာတော့ ဘယ်သူ့မှလဲ မသိကြပါဘူး။တစ်ဖက်မှာလည်း မြို့သူ မြို့သားများဟာ ထောင်ကျနေတဲ့လူတစ်ယောက်ကို အသည်းအသန်လွှတ်ပေးကြဖို့ တောင်းဆိုကြိုးစားနေကြပါတယ်။1970ခုနှစ်ကိုနောက်ခံထားပြီး လယ်သမားတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ရိုက်ပြထားတဲ့ဒီကားလေးမှာဒီအရိုးစုတွေ ဒီထောင်သားဟာ ဆက်စပ်ပတ်သက်နေလား….။ဒီထောင်သားကို မြို့သူ မြို့သားတွေက ဘာလို့ လွတ်စေချင်နေကြတာလဲ…။ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ကြောင်းတွေနဲ့နောက်ကွယ်က ဇာတ်လမ်းတွေကို မြင်တွေ့ရဦးမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။