Land of Bad HD

Land of Bad

Action Thriller War HD 2024-01-25 6.9 110 Min

ဒီတစ်ခါတင်ဆက်ပေးမှာတော့ သရုပ်ဆောင်အပိုအလိုမရှိတဲ့ မင်းသားကြီး Russell Crowe ရဲ့ Action ကားသစ်လေးတစ်ကားပါ……ဒီကားထဲမှာတော့ သူက ဒရုန်းစစ်ဆင်ရေး ခေါင်းဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်…..ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံထားရတဲ့ စီအိုင်အေ အေးဂျင့်တစ်ယောက်ကို သွားကယ်ထုတ်ရမှာပါ…..ပြန်ပေးဆွဲထားတဲ့သူကလည်း သတင်းအရ ရုရှားကေဂျီဘီဟောင်း နဲ့ လက်နက်ကုန်သည်တစ်ယောက်ဆီမှာပါ…..အဲဒီလိုနဲ့ သူတို့ရဲ့ ပစ်မှတ်ဆီရောက်တော့ သူတို့ကယ်ရမဲ့ သူကိုဖမ်းထားတဲ့ လက်နက်ကုန်သည်က အဲဒီဒေသက အာဘူလ်အေရိဖ်လို့ခေါ်တဲ့အကြမ်းဖက်အဖွဲ့နဲ့ အရောင်းအဝယ်လုပ်နေတာကိုပါ မြင်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲ သူတို့ စစ်ဆင်ရေးကကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်မလား…..ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး……ရိုက်ပြထားတဲ့ ရိုက်ချက်လေးတွေ ရှင်းလင်းသေသပ်ပြီး IMDb ကလည်း 6.5 ဆိုတော့ ကြည့်ရတန်မဲ့ကားလေးတစ်ကားလို့ပဲ ညွှန်းလိုက်ချင်ပါတယ်…..