အခုတင်ဆက်မယ့် TV program ကို ကျွန်တော့်အနေနဲ့တော့ ကြည့်သင့်တဲ့အစီအစဉ်တစ်ခုလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲသိချင်ရင်တော့ ကြည့်ကြည့်ပါလို့ပဲ ပြောရမှာပါပဲ။အကြောင်းအရာကတော့လက်ဖြောင့်ငကြမ်းကြီးတွေအကြောင်း စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ program ဖြစ်ပါတယ်။ မြှား၊ ခြောက်လုံးပြူး၊ ယမ်းထိုးသေနတ်မှစလို့ အမြောက်ထိအောင် အမှန်တကယ်မြေပြင်မှာရှိခဲ့တဲ့၊ပစ်ခဲ့တဲ့လက်ဖြောင့်ပစ်သမားတွေရဲ့ မယုံနိုင်လောက်စရာ၊ မဖြစ်နိုင်လောက်စရာ တိကျတဲ့ပစ်ချက်တွေအကြောင်း စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားပါတယ်။စိတ်ကူးယဉ်ဇာတ်လမ်းမျိုးမဟုတ်ဘဲခေတ်အဆက်ဆက် တကယ်ရှိခဲ့တဲ့၊ သူမတူအောင် လက်ဖြောင့်ခဲ့ကြတဲ့ ဆရာကြီးများအကြောင်းနဲ့ သူတို့လက်ခံယှဉ်ပြိုင်ခဲ့တဲ့ စွမ်းရည်စမ်းသပ်မှု စိန်ခေါ်ပွဲတွေအကြောင်း narratorကသေချာရှင်းပြပြီးပြောပြထားလို့ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်ကားမဟုတ်ပေမယ့် ဇာတ်လမ်းအဆုံးထိအောင် တောက်လျှောက်ကြည့်ဖြစ်သွားမယ့် documentary ဆန်ဆန်program မျိုးပါ။