နာမည်ကျော် ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ Peanuts ရဲ့အသစ်ထွက်လာတဲ့ Spin-off ဇာတ်လမ်းတိုလေးတင်ဆက်ပေးချင်ပါတယ်ဗျာ။Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန်ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့ Peanutဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklinရဲ့ဖခင်ဖြစ်သူဟာစစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကိုရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklinလေးတစ်ယောက် ရောက်လေရာမှာသူငယ်ချင်းသစ်တွေခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော…ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။တစ်ရက်ကျ Snoopy တို့ ရှိတဲ့မြို့လေးကိုရောက်လာတော့ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေးနည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲ့ခဲ့ရမှာ ကံကောင်းခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့မြို့လေးထဲဆပ်ပြာပုံးကားပြိုင်ပွဲလေးကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklinတစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင်သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူဒီကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။ မိသားစုနဲ့ အတူတူကြည့်နိုင်ပြီးတော့ သူငယ်ချင်းမေတ္တာအကြောင်းကိုလည်းပညာပေး ပုံဖော်ထားတဲ့အတွက်ကလေးတွေကို ပြဖို့ဆိုရင်လည်းအသင့်တော်ဆုံးပါပဲ။