Nalavenba HD

Nalavenba

Unknown HD 8.3 0 Min

ကျွန်တော်တို့ ဘ၀ခရီးမှာ ဆုံတွေ့ကြတဲ့ လူတချို့ရဲ့ သက်ရောက်မှုတွေကြောင့်ကျွန်တော်တို့ဘ၀တွေဟာ တမျိုးတဖုံ ပြောင်းလဲသွားစေနိုင်တယ်တဲ့။ဒီခရီးမှာတော့ နာလန်ဗန်ဘာအင်ပါယာကို တည်ထောင်ခဲ့တဲ့ နာမည်ကြီးစားဖိုမှူးကြီးပူဂယ်လန်သီရဲ့ နာလန်ဗန်ဘာဆိုတဲ့ စားသောက်ဆိုင်နဲ့အတူ လိုက်ပါစီးမျောရမဲ့ခရီးစဉ်ပေါ့။မလေးရှားမှာ နံပါတ်တစ် အိန္ဒိယလူမျိုးစားဖိုမှူးအဖြစ် သတင်းတွေမှာဖော်ပြခံရသူပူဂယ်လန်သီ။ စားသောက်ဆိုင်ကနေ သူများထက် အကျိုးအမြတ်တွေ ရနေပေမဲ့စားဖိုမှူးတစ်ယောက်ရဲ့ဂုဏ်သိက္ခာဖြစ်တဲ့ နံပါတ်တစ်စားဖိုမှူးဆိုတဲ့ဂုဏ်ပုဒ်ကို မရတဲ့အတွက် စိတ်ယုတ်မာနဲ့လိုက်ပြိုင်နေတဲ့ မူရ်သီ။သူတို့နှစ်ယောက်က ဆရာတူတပည့်တွေဖြစ်ပေမဲ့ ဆရာ့ရဲ့လျှို့ဝှက်ဟင်းချက်နည်းကိုရခဲ့သူကတော့ ပူဂယ်လန်သီ။ပူဂယ်လန်သီဆီက လျှို့ဝှက်ဟင်းချက်နည်းကို ရဖို့အရေး မူရ်သီတစ်ယောက် အမျိုးမျိုးအကောက်ကြံပြီးနှစ်ဦးသား ဘယ်သူအတော်ဆုံးလဲဆိုတာကို ယှဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့…။