Scalper ဆိုတာက သူ့ရဲ့သားကောင်တွေကို ဓားနဲ့ထိုးသတ်၊ ပြီးရင် အရေခွံတွေကို စုတ်ခဲ့တဲ့သူဖြစ်လို့ အရေခွံခွါသူဆိုပြီးနာမည်ကြီးတဲ့ လူသတ်သမားတစ်ဦး။Scalper ရဲ့ဒဏ်ကိုခံခဲ့ရတဲ့နစ်နာသူမိသားစုထဲက ကလမ်မာတိုင်းကာတာဆိုတဲ့အမျိုးသမီးကတော့ Scalper ရဲ့မျက်နှာတည့်တည့်ကို သေနတ်နဲ့ပစ်ကာ Scalper ကိုအဆုံးသတ်ခဲ့တဲ့သူတစ်ဦး။ကလမ်မာတိုင်းကသာမန်အမျိုးသမီးမဟုတ်ဘူး။ သူကအကြားအမြင်စိတ်ပညာသည်တစ်ဦး။ အထူးသဖြင့် သေဆုံးသွားသူတွေနဲ့ ထိတွေ့မှုလုပ်လိုက်တဲ့ခါ သူတို့ရဲ့ဝိညာန်တွေနဲ့ဆက်သွယ်ပြီး သေဆုံးသူရဲ့ အတိတ်နဲ့အနာဂတ်တွေကို မြင်တွေ့နိုင်တဲ့အစွမ်းအစရှိသူတစ်ဦး။ အခုလက်ရှိမှာတော့ ကလမ်မာတိုင်းဟာ သူ့ရဲ့စိတ်စွမ်းအင်ကြောင့်နာမည်ကြီးနေပြီး ရေဒီယိုကအစီအစဉ်တစ်ခုမှာပါ ဖိတ်ကြားခံထားရပြီးအသံလွှင့်တင်ဆက်နေပါတယ်။ဒီလိုနဲ့ ကလမ်မာတိုင်းတို့ အသံလွှင့်တင်ဆက်နေတုန်းမှာ ဖုန်းတစ်ကောလ်၀င်လာပြီး ဒီဖုန်းကော်လ်ကိုနားထောင်လိုက်မိတဲ့ကလမ်မာတိုင်းဟာ သေဆုံးခါနီး ဖုန်းခေါ်သူနဲ့ စိတ်ဆက်သွယ်မှုတစ်ခုရလိုက်ပြီးScalper ပြန်ရောက်လာတာကိုသိရှိလိုက်ရတဲ့နောက်မှာတော့… ကလမ်မာတိုင်းကိုယ်တိုင် သတ်ခဲ့တဲ့ Scalper က တကယ်ပဲသေရွာကနေပြန်ရောက်လာတာလား၊ ဒါမှမဟုတ် Scalperရဲ့ခြေရာကိုနင်းမယ့်သူ လူသစ်သမားအသစ်တစ်ယောက်ပေါ်လာတာလား၊ ကလမ်မာတိုင်းကိုရော ဘယ်လိုလက်စားပြန်ချေဦးမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။