ဇာတ်လမ်းအကျဥ်းကတော့ မီရီရမ်ဆိုတဲ့ အသက်ငါးဆယ်အရွယ် မိန်းမတစ်ယောက်က သူ့အသက် ၁၈ နှစ်အရွယ်မှာတင် အိမ်ထောင်ပြုခဲ့ရပြီး သိပ်မကြာခင်မှာပဲ ယောကျာ်းက ပစ်သွားခဲ့လို့ သားလေးနဲ့အတူနှစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့ အမျိုးသမီးပါတစ်နေ့ သားဖြစ်သူက သူငယ်ချင်းနှစ်ယောက်ကို အိမ်အလည်ခေါ်လာပြီး အဒေါ်ကြီးနဲ့ စကားလက်ဆုံကျရင်း သားရဲ့ သူငယ်ချင်းမိန်းကလေး အိုင်ရှူရဲ့သားအိမ်က ကလေးယူလို့မရနိုင်တဲ့အတွက် အငှားကိုယ်ဝန်ဆောင် လိုက်ရှာနေတဲ့အကြောင်းဆီ စကားစပ်မိသွားပါတယ်အိန္ဒိယရဲ့ ရှေးရိုးစွဲလူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း အိုင်ရှူရဲ့ အခြေအနေကိုယောက္ခမလောင်းတွေက လက်မခံကြပါဘူးဒါကို မိန်းမသားချင်းကိုယ်ချင်းစာသွားတဲ့ အဒေါ်ကြီး မီရီရမ်ကသူကိုယ်တိုင် အငှားကိုယ်ဝန်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်အသက် ၅၀ အရွယ်မိန်းမတစ်ယောက်ရဲ့ မိခင်စိတ်ကို ပီပီပြင်ပြင်ဖော်ကြူးထားနိုင်တဲ့ ဇာတ်ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး