“ဧရာမ မက်မွန်သီးကြီးတစ်လုံးနဲ့ ကောင်လေးတစ်ယောက်မှပိုးကောင်လေးတွေနဲ့အတူ နယူးယောက်မြို့သို့ စွန့်စားခန်းထွက်တော်မူခန်း….”Animation စတိုင်ပေါင်းစုံ ရှိတဲ့ထဲမှ Stop-motion စတိုင် ကြိုက်တဲ့လူဆိုအရင်ခေတ်က ဒီကားဟောင်းလေးကိုကြည့်သင့်တယ်လို့ ညွန်းပေးလိုက်ပါရစေ။Stop-motion စတိုင်ဆိုတာ ဘယ်လိုမျိုးလဲ ဥပမာပေးရရင်တော့Kubo and the Two Strings တို့ Corpse Bride တို့ဆိုရင်သိကြမယ်ထင်ပါတယ်ဗျ။ ဒီ ဒါရိုက်တာ Henry Selickဆိုရင်လည်း နာမည်ကျော် The Nightmare Before Christmas တို့Coraline တို့ကို ရိုက်ခဲ့တဲ့လူဖြစ်ပြီး Little Nightmare ဆိုတဲ့ချစ်စရာတစ်ဖြစ်လဲ ကျောချမ်းစရာ P4ဂိမ်းလေးကိုလည်းဖန်တီးပေးထားတဲ့လူတစ်ယောက်ပါ။ ဇာတ်လမ်းကလည်း နာမည်ကျော်ဖြစ်တဲ့ Charlie and the Chocolate Factory တို့BFG တို့လို ဝတ္ထုတွေကို ရေးသားခဲ့တဲ့ဗြိတိသျှစာရေးဆရာကြီး Roald Dahl ရဲ့ဝတ္ထုကိုပဲ မှီငြမ်းထပ်တူပြု ရိုက်ကူးထားတာပါ။ ဘယ်လောက် Fantasy ဆန်မလဲ စဉ်းစားသာ ကြည့်လိုက်ပါတော့။ဇာတ်လမ်းလေး အကျဉ်းချုပ်ပြောရမယ်ဆိုဂျိမ်းစ်ဆိုတဲ့ကောင်လေးကမိဘဖြစ်သူကို ဆုံးပါးလိုက်ပြီး အင်မတန် နှိပ်စက်တဲ့အဒေါ်နှစ်ယောက်ရဲ့လက်အောက်မှာ နေနေရတာပေါ့။မိဘတွေရှိစဉ်က အတူတူမက်ခဲ့တဲ့ အိပ်မက်လေးကတော့မြို့တော်ကြီးနယူးယောက်ကို အတူတူသွားကြဖို့ပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ ပိုးကောင်တွေကိုမုန်းတဲ့ အဒေါ်တွေနဲ့ နှိပ်စက်ခံပြီးနေနေရချိန်မှာ တစ်ရက်ကျ ထူးဆန်းတဲ့ လူကြီးတစ်ယောက်နဲ့ တွေ့ပြီးဒီလူကြီးက မိကျောင်းလျှာလို့ခေါ်တဲ့ ထူးထူးဆန်းဆန်းအစိမ်းရောင်လေးတွေ ပေးသွားခဲ့ပါတယ်။ဒီအရာလေးတွေကြောင့် အပင်ပေါ်က မက်မွန်သီးတစ်လုံးကနဂိုမူလအရွယ်ကနေ ဧရာမအကြီးကြီး ဖြစ်သွားခဲ့ပါတယ်။သူ့အဒေါ်တွေကဒါကြီးကို ပြစားနေတုန်း ဂျိမ်းစ်တစ်ယောက်မက်မွန်သီးထဲရောက်သွားပြီး ပိုးကောင်တွေဖြစ်တဲ့ပင့်ကူ၊ ကင်းခြေမျှား၊ ဓားခုတ်ကောင်၊ တီကောင်၊ လေဒီဘတ်ဂ်၊ ပိုးစုန်းကြူး စသဖြင့်အဖော်တွေ ရပြီးဒီလူတွေနဲ့အတူ အဒေါ်တွေလက်ကနေ နယူးယောက်ကိုဘယ်လို စွန့်စွန့်စားစွား ထွက်ပြေးကြရမလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။