ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်ကျော်Tekkenဂိမ်းကို Live actionအဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အနောက်တိုင်းသရုပ်ဆောင်တွေနဲ့ ပြန်ရိုက်ထားတဲ့Live actionဆိုတော့ ထွေထွေထူးထူးပြောစရာရယ်တော့ မရှိပါဘူး။ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ IMDb rating4.8ရထားပါတယ်။တစ်ကမ္ဘာလုံး စစ်ပွဲတွေဖြစ်အပြီးမှာ အစိုးရအဖွဲ့တွေပြိုလဲသွားပြီးကော်ပိုရေးရှင်းဆိုတဲ့အဖွဲ့တွေ ကမ္ဘာ့အနှံ့မှာ သူ့နေရာနဲ့သူ သီးခြားရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းကတော့တက်ခန်မြို့တော်ဆိုတဲ့ အဖွဲ့အစည်းပေါ့။ ဒီကော်ပိုရေးရှင်းတွေကတစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”ဆိုတဲ့ ပြိုင်ပွဲတစ်ခုကိုကျင်းပလေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာတစ်ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့တော်ရဲ့ အပြင်ဘက် အန်ဗေးလ်ဆိုတဲ့မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ကောင်လေးကဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့အမေကိုသေစေခဲ့တဲ့ တက်ခန်ကော်ပိုရေးရှင်းရဲ့ အကြီးပိုင်းခေါင်းဆောင်တွေကို လက်စားချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင်မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်အဆင့်ထိရောက်နိုင်မလဲ၊ဘယ်လိုရန်သူတွေကို ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက်အထိုးအကြိတ်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။