I Heard Sarah HD

I Heard Sarah

Drama Music HD 2022-11-28 5 72 Min

အီရမ်ဆိုတဲ့ရော့ခ်စတားတစ်ယောက်ဟာ တရားရုံးကချမှတ်ဝင်ခိုင်းထားတဲ့ ပြန်လည်ထူထောင်ရေးစခန်းကနေ ခိုးထွက်လာခဲ့ပြီးတော့ သူ့မွေးရပ်မြေမှာရှိတဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်းလည်းဖြစ်သလိုအရင်က bandmate ဟောင်းလည်းဖြစ်တဲ့ ဂျော့ရှ်ဆီကိုသွားခဲ့ပါတယ်…အီရမ်က နာမည်ကျော်ကြားအောင်မြင်နေခဲ့ပေမယ့် တစ်နေ့တစ်နေ့အသက်ရှင်ရတာကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူပေါ့…သူ့သူငယ်ချင်းဟောင်းဖြစ်သူ ဂျော့ရှ်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပါ…တစ်ချိန်ကအိပ်မက်အတူတူမက်ခဲ့ကြတဲ့ အဆိုတော်ဘဝကိုလက်လျှော့ခဲ့ပြီးတော့ မွေးရပ်မြေလေးမှာသူချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့အတူတူ လက်ထပ်ပြီး ဘဝကိုပျော်ရွှင်စွာနဲ့နေနေတဲ့သူပါ… ဒါပေမယ့် ဂျော့ရှ်ရဲ့သာယာတဲ့ဘဝလေးဟာ အိမ်ကိုမထင်မှတ်ဘဲရောက်ချလာခဲ့တဲ့ အီရမ်ကြောင့်ပျက်စီးတော့မလိုဖြစ်လို့လာပါတယ်…ဘာအကြောင်းကြောင့်များ ဒီလိုပျက်စီးလုနီးပါးဖြစ်လာရတာလဲ… အရင်ကအရမ်းခင်မင်ခဲ့ကြပေမယ့် ခုချိန်မှာတော့ ဂျော့ရှ်က အီရမ့်ကိုဆို ခါးခါးသီးသီးနဲ့ဖြစ်နေရတာကရော အတိတ်ကအကြောင်းတစ်ခုခုနဲ့သက်ဆိုင်နေတာကြောင့်လား…သူတို့နှစ်ယောက်ရဲ့ဘဝနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “I Heard Sarah” ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ပြီးတော့ပဲ အဖြေရှာလိုက်ပါ