Tracker HD

Tracker

Action Drama Thriller Adventure HD 2010-05-20 6.524 102 Min

ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူကအင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံစစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp ကရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone ကဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီးအင်အားကြီးလူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ်နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့တောင်အာဖရိကဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီလူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကိုဇာတ်အိမ်တည်ရိုက်ကူးထားပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှရက်ရက်စက်စက်သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ်ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်ကဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားကအံ့ဩဖွယ်ကောင်းလောက်အောင်တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက်ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ်ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင်ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံဖမ်းဆီးရင်းဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကောမိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ဘာလို့အရေးမယူတာလဲ မစ္စတာဗန်ဒီမန်ကကောသူ့ရဲ့သဘောထားကစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း ဘာလို့ပြောင်းလဲသွားခဲ့တာလဲတောင်အာဖရိကကနေ နယူးဇီးလန်အထိလာရတဲ့ တကယ့်အကြောင်းအရင်းကကော ဘာဖြစ်မလဲလူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ မော်ဝီလူမျိုးစုကစစ်သားလေးကရော တကယ်ပဲပြစ်မှု ကျူးလွန်ခဲ့တာလား မတရားစွပ်စွဲခံရတာလား သူကကော လိုက်ဖမ်းနေတဲ့သူတွေလက်ကနေထွက်ပြေးလွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုရမှာဖြစ်ပါတယ်..ဒီဇာတ်ကားမှာ ၁၈၉၉ အောက်တိုဘာလ၁၁ကနေ ၁၉၀၂ မေလ ၃၁ နေ့အထိကြာမြင့်ခဲ့တဲ့ ဘိုရာစစ်ပွဲအတွင်းမှာ ဗြိတိသျှတွေရဲ့နိုင်ထက်စီးနင်းပြုကျင့်မှုတွေကို ဘိုရာလူမျိုးစုတွေ မော်ဝီလူမျိုးစုတွေ ဘယ်လိုမျိုးတွေ့ကြုံခံစားခဲ့ရလည်းဆိုတာတွေ ဒီဇာတ်ကားဟာ Action,Adventure, Drama &Western အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ်ကြီးကို ထိုင်ရာကနေ ထမသွားနိုင်အောင်စွဲဆောင်ထားနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..ကျွန်တော်ပြောတာဟုတ်မဟုတ် ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ရှုအကဲဖြတ်လိုက်ပါဦး…