Gulou Town Mausoleum HD

Gulou Town Mausoleum

Action Drama Adventure HD 2024-02-22 8.3 72 Min

ရှေးတုန်းကတရုတ်ပြည်အနောက်ဘက်မှာ မော့ယွီဆိုတဲ့တိုင်းပြည်တစ်ခုရှိခဲ့တယ်။တက္ကသိုလ်ကရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာကန္တာရထဲကရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ မော့ယွီဘုရင်ဂူဗိမာန်ကိုရှာဖွေဖို့ခရီးစတင်ခဲ့ကြတယ်။သုတေသနအဖွဲ့မှာ တက္ကသိုလ်ပါမောက္ခနဲ့ ကျောင်းသားတွေအပြင်သူတို့အဖွဲ့ကိုစောင့်ရှောက်ဖို့လုံခြုံရေးအဖွဲ့ပါလိုက်ပါခဲ့တယ်။ပျောက်သွားတာနှစ်(၂၀)ကြာပြီဖြစ်တဲ့ အဖေကိုရှာဖို့ကြိုးစားဖို့အတွက်ဝမ်ချင့်ညန်တို့ကလဲ အဖွဲ့ထဲကိုရောဝင်ခဲ့တယ်။ အဆုံးမရှိတဲ့ကန္တာရကြီးထဲမှာ သဲမုန်တိုင်းကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာမော့ယွီသင်္ချိုင်းထဲကိုရောက်သွားခဲ့ကြပါတယ်။သင်္ချိုင်းထဲကရွှေငွေရတနာတွေကိုမြင်တော့ လူ့သဘာဝလောဘတွေပေါ်လာတော့တာပေါ့။အားလုံးဟာဒီသင်္ချိုင်းဗိမာန်ထဲမှာပိတ်မိနေတဲ့အချိန် နှစ်ချို့မြွေကြီးပေါ်လာလို့ရတနာတွေကိုဂရုမစိုက်နိုင်ပဲ အသက်ဘေးကထွက်ပြေးကြရတော့ပါတယ်။နှစ်၂၀၀၀ကျော်သမိုင်းရှိတဲ့ ထောင်ချောက်တွေအထပ်ထပ်ပြည့်နေတဲ့သင်္ချိုင်းဗိမာန်ထဲကနေဘယ်လို ပြန်ထွက်ဖို့ကြိုးစားမလဲ…..ရှေးဟောင်းသုတေသနစွန့်စားခန်းလေးပဲဖြစ်ပါတယ်။