ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ဖိလစ်ပိုင်ဟာသကားလေးပဲဖြစ်ပါတယ်။လူတွေရဲ့နှိမ့်ချခြင်းကို ခံခဲ့ရတဲ့ ဘော်ဘီဘီဆိုတဲ့ ပရိုဂျူဆာတစ်ယောက်ဟာသူ့ကိုနှိမ့်ချတဲ့သူတွေကို လုပ်ပြချင်တဲ့စိတ်နဲ့ အော်စကာရဖို့ကြိုးစားရင်း ရုပ်ရှင်တွေလုပ်နေသူတစ်ယောက်ပါ။သူနဲ့အတူ ရုပ်ရှင်ကျောင်းမှာတက်ခဲ့တဲ့ သူရဲ့သူငယ်ချင်းဖြစ်သူ ဒန်နီကလည်း သူ့အဘွားဖြစ်သူရဲ့ပြောပြနေကျပုံပြင်တွေကို ဇာတ်လမ်းအဖြစ်ဖန်တီးချင်နေပြီး ကျောင်းတုန်းကအော်စကာဆုရအောင်လုပ်မယ်ဆိုပြီး ပေးထားတဲ့ကတိအရသူငယ်ချင်းနှစ်ယောက်ပြန်လည်ဆုံတွေ့ရင်း ဇာတ်ကားရိုက်ဖို့လုပ်ကြပါတော့တယ်။သူတို့နှစ်ယောက် ဇာတ်လမ်းရိုက်ဖို့အတွက် ဒန်နီအဘွားဖြစ်သူနေတဲ့ ကျွန်းကိုရောက်ရှိလာကြပါတော့တယ်။အဲဒီကျွန်းမှာရှိတဲ့ တောထဲမှာတော့ မြေအောက်ကမ္ဘာက မမြင်အပ်တဲ့မကောင်းဆိုးဝါးတွေရှိတယ်လို့ အဆိုရှိပါတယ်။အဲဒီမှာပဲ သူတို့ရိုက်မဲ့ဇာတ်လမ်းက သဲထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တဲ့အလျောက် အထူးပြုလုပ်ချက်တွေအတွက်ကုန်ကျစရိတ်လျှော့ချနိုင်အောင် တောထဲက တကယ့်မကောင်းဆိုးဝါးတွေကို ဖမ်းပြီးရိုက်ဖို့အကြံရလာရင်း ဘယ်လိုတလွဲတွေလုပ်ပြီး ဘယ်လိုတွေ ဗိုက်နှိပ်ရီရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။