Billy Lynn’s ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်…ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်…Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာသူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ်မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်… သူနဲ့အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာသူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်…. ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူးဇတ်လမ်းသဘောကိုလဲနားမလည်နိုင်သေးဘူးအမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး… အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာသူ့နောက်ကြောင်းကိုပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစုသူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်… ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ရပ်နားပါရစေဒီစာကိုဖတ်တာ ရပ်ပြီး Download ဆွဲကြည့်စေချင်ပါတယ်… စစ်ပွဲ ရဲ့ သဘောသဘာ၀ တွေ တပ်ရဲ့ အမိန့်အာဏာတွေ နဲ့ စစ်သားဆိုရင် တာဝန်အရ စစ်တိုက်နေရတယ်လို့ထင်နေတဲ့ အပြင်လူတွေ ရဲ့ အမြင်စစ်သားဘ၀ ကို မခံစားတက်တဲ့ အပြင်လူတွေ နဲ့အတော်များများဟာ ဆန့်ကျင်ဘက်တွေ ရယ်… အပြင်လူတွေ ထင်နေတာ တစ်မျိုး အသက်ကိုဖက်နဲ့ ထုပ်ထားရတဲ့ စစ်သားတွေက ဘ၀ တစ်မျိုးဟာနှိုင်းယှဉ်ပြထားတာတွေက ရင်ထဲထိ ရောက်စေတဲ့ ဇတ်လမ်းပါပဲ….ဘာပဲ ဖြစ်ဖြစ် စစ်ကား မကြိုက်တဲ့ ကျနော်တောင်ကြိုက်မိတဲ့ ရုပ်ရှင်တစ်ခု အဖြစ်အမွှန်းတင်ပါရစေ…ဒီဇတ်ကားမှာနာမည်ကျော်မင်းသားကြီးVin Diesel ပါဝင်သလို အခြား နာမည်ကြီးများဖြစ်တဲ့Twilight ဇတ်ကား နှင့် နာမည်ကြီးခဲ့တဲ့မင်းသမီးချော Kristen Stewart က Lynn ရဲ့ အစ်မအနေဖြင့်ပါဝင်သရုပ်ဆောင်ထားသလို ဟာသမင်းသား လို့လူတိုင်းသိတဲ့ Chris Tucker နှင့်Pink Panther ကားတွေ ရဲ့ စုံထောက်သရုပ်ဆောင်မင်းသားကြီး Steve Martin တို့ ပါဝင်ပါတယ်..ကဲပိတ်ကားထက်မှာ ဆက်ကြည့်လိုက်ရအောင်….ရုပ်ရှင်ကား Review ကို Thit San Khant မှ ရေးထားပြီးHtet Aung Lwin မှ ဘာသာပြန်ပေးထားပါတယ်။