Big Fish & Begonia FHD

Big Fish & Begonia

Fantasy Adventure Animation FHD 2016-07-08 7.43 101 Min

ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံးanimation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲကBig Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေperformance လုပ်တာတွေ အခုထိ ရှိပါတယ်။ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာသန်း ၈၀အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလိုနတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့ကသဘာဝတရားကြီးရဲ့ နိယာမတွေကိုထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။အသက် ၁၆ နှစ်ပြည့်သူတိုင်းကလင်းပိုင်နီတွေအဖြစ်နဲ့ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိသွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့လင်းပိုင်နီလေးအဖြစ်လူ့လောကကိုသွားရောက်လေ့လာတော့တာပေါ့။လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာလူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ချွင်က လူသားကောင်လေးကို သဘောကျသလိုဖြစ်သွားတယ်။၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။လူသားကောင်လေးဟာ မြင်သွားပြီးတော့သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာဖြစ်တာမလို့ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီးလူသားကောင်လေးကို အသက်ပြန်သွင်းဖို့အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။လူသေတစ်ယောက်ကိုအသက်သွင်းတယ်ဆိုတာကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့်သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမှာ ဖြစ်ပါတယ်။လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့်အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့်ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်းမျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကိုမသိကျိုးကျွံပြုတတ်ကြပြီးခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကိုဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ်သူပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ပရိသတ်ကြီးတို့အတွက်ကွက်တိဖြစ်စေမယ့်ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့recommend ပေးလိုက်ပါတယ်။