အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကိုပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်းအားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကိုစုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရောဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ရဲမှူး ဟောလန်း ကရော ပယ်ရီရဲ့ ကျူးလွန်မှုတွေကိုဖော်ထုတ် နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ ရဲဝန်ထမ်းတွေရဲ့ ဥပဒေကိုလက်တစ်လုံးခြားလုပ်ကြပုံတွေ အချင်းချင်း ထိုးကျွေးကြတာတွေကို ပြတဲ့ဖန်တရာတေဇာတ်လမ်းမျိုးဖြစ်ပေမယ့်လည်းဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့လူမျိုးရေးအဓိကရုဏ်းတွေကိုပါနောက်ခံထားရိုက်ကူးထားတဲ့အတွက်မတူညီတဲ့ခံစားမှုမျိုးရမှာပါ။ 2002 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 6.6 ရထားတဲ့ဟောင်းပေမယ့်ကောင်းနေဆဲ ဇာတ်ကားလေးပါ။မင်းသားကြီး Kurt Russell က အယ်ဒွန် ပယ်ရီ နေရာကသရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေ နဲ့ဒိုင်ယာလော့တွေက အရမ်းမိုက်ပါတယ်။အက်ရှင်ကားတွေ၊ရဲစုံထောက်ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ မဖြစ်မနေကြည့်ရှုသင့်လို့တင်ဆက်ပေးလိုက်ပါတယ်။