Khichdi 2: Mission Paanthukistan HD

Khichdi 2: Mission Paanthukistan

Comedy Family HD 2023-11-17 3.3 122 Min

အခုတစ်ခါတင်ဆက်ပေးမှာကတော့ စွန့်စားခန်းဟာသကားလေးပဲဖြစ်ပါတယ်။ဒီကားလေးဟာဆိုရင်တော့ တလွဲဟာသတွေတစ်ပုံကြီးနဲ့ပါးစပ်မပိတ်တမ်းရယ်ရမယ့်ကားလေးပဲဖြစ်ပါတယ်နော်။မထုံတတ်တေးနဲ့ ခပ်တုံးတုံးခပ်အအ မိသားစုတစ်စုရှိတယ်။ ပရေခ်မိသားစုလို့ခေါ်တယ်။ဖြစ်ချင်တော့ အဲ့ဒီမိသားစုဝင်တစ်ဦးဟာ ပန်တူကစ္စတန်နိုင်ငံရဲ့ဘုရင်ကြီးနဲ့သွားတူနေတယ်။အဲ့ဒီနိုင်ငံကတော့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနဲ့ နေလို့မသင့်တော်ဆုံးသော နိုင်ငံတစ်နိုင်ငံပေါ့။ပန်တူကစ္စတန်ဘုရင်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့အတော်ဆုံးသိပ္ပံပညာရှင်ကြီးကိုသူ့အကြမ်းဖက်ရေးလုပ်ငန်းစဉ်တွေအတွက် ဖမ်းဆီးချုပ်နှောင်ထားတယ်။ဒါကို ပရေခ်မိသားစုက ကယ်ထုတ်ပေးရတော့မှာပေါ့နော်…။အူကြောင်ကြောင်မိသားစုနဲ့ ကြောက်စရာကောင်းတဲ့ဘုရင်ကြီးနဲ့တွေ့ကြတဲ့အခါဖြစ်လာမယ့်အလွဲလေးတွေနဲ့ဟာဒယရွှင်ဆေးဘယ်လိုကြွေးမလဲဆိုတာကိုတော့ဆက်လက်ပြီးကြည့်လိုက်ကြတော့နော်။