BTOB TIME: Be Together the Movie FHD

BTOB TIME: Be Together the Movie

Documentary Music FHD 2023-11-15 8.3 102 Min

အချိန်အကြာကြီးတည်မြဲနိုင်တဲ့ အချစ်တွေကို လက်ညှိုးညွှန်ပြပါဆိုရင်တော့နှစ်ဦးနှစ်ဖက်လုံးဟာ ရယူလိုခြင်းအလျင်းမရှိ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့အရင်းတည်ထားတဲ့ အိုင်ဒေါ နဲ့ ပရိသတ်တွေရဲ့ဆက်ဆံရေးလို့ပဲဆိုချင်ပါတယ်BTOB နဲ့ Melody တို့ရဲ့ ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေဟာ ရုပ်ရှင်တစ်ခုဖြစ်ခဲ့ရင်အဓိကဇာတ်ဆောင်တွေဟာ Melody ဖြစ်ပြီး နောက်တစ်ကြိမ် မင်းတို့တွေဆီကို လှမ်းလာနေတာဟာ BTOB ဖြစ်ပါလိမ့်မယ်ဒီရုပ်ရှင်လေးမှာ သေချာပေါက်ပါဝင်မှာကတော့ သံယောဇဉ်ကြိုးတွေမြဲမြဲချည်ထားတဲ့ ၁၀ နှစ်တာ အပြန်အလှန် ချစ်ခြင်းတွေပေါ့Idol တွေနဲ့ Fan တွေရဲ့ နှလုံးသားချင်းထပ်တူကျတဲ့နေရာ ၊ ရင်ခုန်သံတွေ တူညီနေတဲ့နေရာက Concert တွေဆိုလည်း မမှားပါဘူး။အဲဒီလို မှော်ဆန်တဲ့အခိုက်အတန့်လေးကို လှပတဲ့ရုပ်ရှင်လေးတစ်ခုအဖြစ် ဖန်တီးပုံဖော်ထားတဲ့BTOB Time Be Together The Movie လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်တာမို့BTOB နဲ့ Melody လေးတွေကြားထဲက လှပတဲ့သံယောဇဉ်တွေ ၊ သိမ်မွေ့တဲ့ရစ်ဖွဲ့မှုတွေ ၊ချစ်ခြင်းမေတ္တာတွေကို တစ်ဝကြီးမြင်တွေ့ရပြီး ကြည်နူးစိတ်ဖြစ်ရမယ့် Movie လေးဖြစ်တာမို့သီချင်းတွေကို အတူတူလိုက်ပါခံစားသီဆိုရင်း စီးမြောလိုက်ကြရအောင် Melody လေးတို့ရေ