Narayana & Co HD

Narayana & Co

Unknown HD 2023-06-30 8.3 0 Min

ပေါ့ပေါ့ပါးပါးနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ မိသားစုဒရာမာဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးပါရစေဗျ။ဇာတ်လမ်းရဲ့နာမည်အတိုင်းပါပဲ နာရာယာနာဆိုတဲ့ဘိုးတော်နဲ့ သူ့အပေါင်းအပါတွေဖြစ်တဲ့ဗြောင်းဆန်အောင် တလွဲတွေလုပ်ကြတဲ့မိသားစုပေါ့။နာရာယာနာဆိုတာ နှစ်ပေါင်းသုံးဆယ်လုံး ဘဏ်တစ်ခုမှာ ငွေကိုင်ဆိုတဲ့အလုပ်ကလွဲဘာမှစိတ်မဝင်စားတဲ့သူ။သူ့ဘ၀တလျောက် ဒီအလုပ်ကိုပဲ လုပ်လာခဲ့တာ။ဇနီးသည်ဖြစ်သူကကျ ဆာရီကလွဲဘာမှစိတ်မဝင်စား။ဘ၀တလျောက်လုံးဘယ်သူကဘယ်ဆာရီဝတ်ထားတာနဲ့သူ ဘယ်ဆာရီကြိုက်တယ်ဆိုတာကိုပဲ အာရုံထားတဲ့သူ။သားအကြီးကောင်ကကျ လောင်းကစားသမား။အချိန်ပြည့် သူ့ခေါင်းထဲမှာလောင်းကစားလုပ်ဖို့အတွေးရှိတဲ့သူ။အငယ်ကောင်ကကျ တဏှာရူး နှာဘူး။ဘေးအိမ်ကအဒေါ်ကြီး အင်္ကျီလဲတာပဲမှန်ပြောင်းတစ်လက်နဲ့ ချောင်းကြည့်နေတဲ့ကောင်။ရထားပေါ်မှာ တောင်းစားရတဲ့ဘ၀ကနေ လူချမ်းသာတစ်ယောက်ဖြစ်လာတဲ့ဂန်းစတားကြီးတစ်ယောက်လည်းရှိသေးတယ်။သူက နာရာယာနာတို့မိသားစုနဲ့ ဘာမှမဆိုင်။ဆိုင်လာတာက သားနှစ်ယောက် ယူလာတဲ့ဒုက္ခတွေကနေနာရာယာနာတို့တစ်မိသားစုလုံးရာဇဝင်အိုးကို ဒုတ်နဲ့သွားထိုးမိရာကစတဲ့ဇာတ်လမ်းပေါ့။ဒီလိုအလွဲလွဲအချော်ချော်တွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့တလေဂူးလ်ဟာသဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။