Joy Ride 2: Dead Ahead HD

Joy Ride 2: Dead Ahead

Crime Horror Thriller HD 2008-10-07 5.517 91 Min

မယ်လီဆာနဲ့ခင်ပွန်းလောင်း ဘော်ဘီတို့ဟာ လက်ထပ်ဖို့အတွက်Las vegas ကိုကားမောင်းလာခဲ့ကြပါတယ်။ သူတို့နဲ့အတူ မယ်လီဆာရဲ့ညီမကေလာနဲ့အွန်လိုင်းရည်းစား နစ်ခ် ဆိုတာ ပါလာပါတယ်လမ်းတစ်ဝက်ကန္တာရထဲမှာ ကားပျက်သွားတဲ့နောက် လမ်းဆင်းလျှောက်ကြရာကနေ စွန့်ပစ်လယ်တောအိမ်ကြီးတစ်လုံးနဲ့အတူ ကားတစ်စီးကို တွေ့ခဲ့တဲ့အတွက် ပိုင်ရှင်ရှိရင် နောက်မှတောင်းပန်မယ်အလျော်ပေးမယ်ဆိုပြီးကားကိုယူသွားဖြစ်ခဲ့ကြပါတယ်။နောက်တစ်နေ့မှာ စားသောက်ဆိုင်ထဲထိုင်နေတုန်း မယ်လီဆာဆီကို ကားပိုင်ရှင်ဆိုသူဆီက ဖုန်းဝင်လာခဲ့ပြီး ကားကိုယူသွားတဲ့အတွက်ဘော်ဘီကိုသူဖမ်းခေါ်သွားပြီလို့ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ဘော်ဘီကိုအသက်ရှင်ရက်ပြန်လိုချင်ရင် သူခိုင်းသမျှလိုက်လုပ်ပေးရမှာဖြစ်ပြီး ပထမဆုံးတောင်းဆိုလာတာကတော့သူ့ညီမကေလာရဲ့ လက်ခလယ်တစ်ချောင်းပါပဲ။Joy ride ရဲ့ဒုတိယကားဖြစ်ပြီး သတ်ခန်းဖြတ်ခန်းတွေပထမကားထက်ပိုကြမ်းသလို horror ဘက်ပိုသွားပါတယ်။rating ဘာညာမှာဩဇာကြီးတဲ့ ပထမကားကို မမှီပေမယ့် ကြည့်ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။