Sound Party HD

Sound Party

Unknown HD 2023-11-24 7 125 Min

IMDb-8.1/10 ရှေးတုန်းကဘုရင်တွေကသူတို့အစေခံတွေ အလုပ်လုပ်တာတော်ရင်ရွှေအိုး ၊ ရွှေဒင်္ဂါးပြားတွေဆုချကြတယ် ။ဒါပေမဲ့အသုံးမချတတ်တဲ့သူတွေက ဒါတွေကို အိမ်ထဲမှာပဲကျင်းတူးမြှုပ်ထိန်းသိမ်းရာကလွဲ ဘာမှမလုပ်တတ်ကြဘူးတဲ့ ။ဒီလိုနဲ့ ခေတ်အဆက်ဆက်ပြောင်းလာရင်း အိမ်ထဲတင်ရွှေအိုးတူးမိချမ်းသာသူတွေရှိလာကြတယ်။ဒီ‌ဇာတ်ကားထဲက ကူးမားတို့မိသားစုကတော့ မျိုးနဲ့ရိုးနဲ့ တစ်မိသားစုလုံး ကြွယ်ဝချမ်းသာချင်စိတ်ပြင်းထန်ကြသူတွေအပေါ်ကပြောခဲ့တဲ့အကြောင်းသိပြီး အိမ်ထဲပဲပတ်တူးရမလား တွေးတဲ့သူ…၊ တက်ကျမ်းတွေဖတ်အိပ်မက်တွေမက်ပြီးအကြီးကြီးတွေပဲ မှန်းတဲ့သူ…၊ ရှိသမျှဘုရားအကုန်လက်အုပ်ချီပူဇော်ပြီး အားတဲ့ဘုရားဆင်းမပါဆိုတဲ့ ကြွယ်ဝရေးအမြဲဆုတောင်းနေသူ….၊ဒီလို လူမျိုးစုံပါနေတဲ့မိသားစုဟာ တစ်ရက်မှာတော့ ထိုင်တွေးလို့မဖြစ် လက်တွေ့အကောင်အထည်ဖော်မှဆိုပြီးကြီးပွားချမ်းသာရေးနည်းလမ်းမျိုးစုံစဉ်းစားပြီး ကြိုးစားကြတော့တာပါပဲ…၊ကြီးပွားရေး ဒီလောက်ထိစိတ်အားထက်သန်နေတဲ့မိသားစု တကယ်အောင်မြင်ဖြစ်ထွန်းသွားမလားတလွဲတချော်တွေကြားက ဟာသဖျော်ဖြေမှုရနိုင်မလားဆိုတာ ရှုစားကြည့်ကြပါဦး