Butchers Book Two: Raghorn HD

Butchers Book Two: Raghorn

Horror HD 2024-02-29 8.3 88 Min

ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကိုကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီးနယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့လမ်းမှာသမင်ကို ဝင်တိုက်မိကားမတော်တဆမှုဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစားစိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ်ဖြတ်ထုတ်ပြီးသူများနာကျင်မှုကို အရသာခံတတ်တဲ့လူသားစားတွေပါ။ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါနှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ်ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေမကြည့်သင့်ပါဘူးနော်။