Star Wars: The Rise of Skywalker HD

Star Wars: The Rise of Skywalker

Action Adventure Science Fiction HD 2019-12-18 6.341 142 Min

စတားဝါးဇာတ်လမ်းတွဲကြီးရဲ့ ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာနှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာ ပါပတင်းရဲ့အသံကို ပြန်ကြားလာရပါတယ်။ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့ကြေညာလိုက်သံကြီးပါပဲ။(မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့်ဘာလို့ ကြေညာလဲတော့ မသိပါဘူး)ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့လေ့ကျင့်နေဆဲပါပဲ။ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီးအာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။