Satyashodhak HD

Satyashodhak

Drama History HD 2024-01-05 8.3 145 Min

IMDb 8.1 ရရှိထားတဲ့ အိန္ဒိယ သမိုင်း/ကိုယ်ရေးအထ္ထုပတ္တိရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်၁၉ ရာစု၊ ၁၈၇၃၊ အိန္ဒိယနိုင်ငံမှာ “ဆပ်တရာရှိုဒက်ဆာမာ့ဂျ်” (ခေါ်) “အမှန်တရားရှာဖွေသူ အသင်း” ကိုတည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ….“ဂျိုတီရောဝ်ပူလေ ” ရဲ့ ဘဝမှတ်တမ်းကို ရေးခြယ်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးဝေဖန်ရေးဆရာများဆီက မှတ်ချက်ကောင်းအချို့ကိုလည်း ရထားပါတယ်ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ လူမှုရေး၊ ဘာသာရေး အယူစွဲများနဲ့“ဇာတ်နိမ့်ဇာတ်မြင့်” လူတန်းစားခွဲခြားမှုတွေကို တွန်းလှန်ပြီး….Shudras (အလုပ်သမားလူတန်းစား) နဲ့ Dalits (အဖိနှိပ်ခံလူတန်းစား) တို့သာတူညီမျှရှိရေး၊ လူ့အခွင့်အရေး တန်းတူရရေးတို့ကို ဖော်ဆောင်ခဲ့ရုံသာမကလူတန်းစားမရွေး ပညာတတ်မြောက်ရေးကိုပါ အားပေးခဲ့တယ် အသက် ၁၃၊ ၁၄ နှစ်ခန့်မှာလက်ထပ်ထိမ်းမြားခဲ့တဲ့ ဇနီးသည် “ဆာဗီတရီပူလေ” ကလည်း ခင်ပွန်း ဂျိုတီနဲ့အတူတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး “အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး” ကိုအစောဆုံး လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်ဘာသာရေး သို့ ဘာသာရေးခေါင်းဆောင်တွေကို မေးခွန်းထုတ်ရင် အမျိုးဖျက်လို့ကင်ပွန်းတပ်ခံခဲ့ရတဲ့ ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းကို ပြုပြင်ရာမှာအဓိကအခန်းကဏ္ဍကျခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ …ကလေးဘဝ၊ လူတန်းစားခွဲခြားခံရမှု၊ ပညာကို ကြိုးစားရှာဖွေပုံ၊ အိမ်ထောင်ရေး၊လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲမျိုးစုံနဲ့ ခေတ်စနစ်တို့ကိုသေချာပုံဖော်တင်ဆက်ထားတဲ့ Biopic လေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး