The Princess and the Matchmaker FHD

The Princess and the Matchmaker

Comedy History Romance FHD 2018-02-28 7.12 110 Min

ဒီကားလေးကတစ်မျိုးလေးဆန်းထားတယ် ဖူးစာတွေဓာတ်သဘောသဘာဝတွေကိုဦးတည်ပြီးပြထားတယ် ဇာတ်ကားနာမည်နဲ့လိုက်အောင်ပေါ့မင်းသမီးလေးတစ်ပါးဟာမွေးလာကတည်းကကံဆိုးတယ်ဆိုပြီးနန်းတော်ထုတ်ခံထားရတယ်တစ်နေ့ဗေဒင်ပညာရှင်တွေရဲ့အကြံပေးမှုကြောင့်နန်းတော်ပြန်လာခွင့်ရခဲ့တယ် သူရောက်လာပြီးမကြာခင်ပဲတိုင်းပြည်ကမိုးခေါင်မှုနဲ့ကြုံရတယ်ဘယ်လိုဖြေရှင်းရပါ့ပေါ့ဗေဒင်ပညာရှင်ကြီးတွေကမင်းသမီးကိုလက်ထပ်ခိုင်းလိုက်ရင်မိုးပြန်ရွာလာပါလိမ့်မယ်တဲ့အဲ့တော့မင်းသမီးပျားတုပ်ပြီပေါ့ဇာတ်လိုက်သူကလည်းဗေဒင်ပညာရှင်ပဲ သူကဖူးစာတွက်တဲ့နေရာမှာဆရာတစ်ဆူမွေးရက်ရယ်မျက်နှာရယ်မြင်တာနဲ့နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာသေချာပြောနိုင်တယ်သူကHwayugiထဲကမင်းသားလေးပါ  မိန်းကလေးတွေရဲ့အသည်းစွဲပေါ့သူတို့၂ယောက်ဘယ်လိုစုံဖြစ်ကြပြီးဘာတွေဆက်ဖြစ်မလဲတော့ဒီကားလေးကိုဆက်ကြည့်လိုက်ပါနော်