Mami Wata HD

Mami Wata

Drama Fantasy Thriller HD 2023-09-21 6.5 107 Min

“Mami Wata”ဆိုတဲ့ ဇာတ်ကားလေးဟာ အရမ်းကိုခေတ်နောက် ကျကျန်နေခဲ့တဲ့ အီရီရွာလေးကို အခြေတည်ပြီးရိုက်ကူးထားတဲ့ပညာပေးဆန်ဆန်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုမှာရော၊ လူတွေကိုယုံကြည်တဲ့နေရာမှာရော ဘယ်အရာကိုမှ အစွန်းမရောက်သင့်ဘူးဆိုတဲ့သင်ခန်းစာ‌လေးကို မီးမောင်းထိုးပြသွားတာပေါ့။ ထူးခြားတာက တစ်ကားလုံး အဖြူနဲ့အမည်းကာ လာပဲမို့လို့  ဇာတ်ကားကပေးချင်တဲ့မက်ဆေ့ဂ်ျကို ပိုပြီးပေါ်လွင်သွား စေတယ်လို့ထင်ပါတယ်။ အီရီရွာလေးက “Mami Wata”ဆိုတဲ့ ရေနတ်ဘုရားမကိုကိုးကွယ် ကြပြီး စာသင်ကျောင်းလည်းမရှိ၊ အနောက်တိုင်းဆေးပညာကိုလည်း မယုံ၊ သူများတွေ ဂန်းနဲ့ဆော်နေချိန် သူတို့က လျှပ်စစ်မီးတောင်မရသေးတဲ့ ရွာလေးတစ်ရွာ။ အီရီရွာမှာ ရေနတ်ဘုရားမရဲ့ကိုယ်စားပြုသဘောမျိုးဖြစ်တဲ့ မေမေကြီးအိဖ်ဆိုတာရှိတယ်။ တစ်နေ့တော့ သူ့မွေးစားသမီးက ပင်လယ်ထဲကနေ လူတစ်ယောက်ကိုကယ်လာခဲ့ရာကနေ သူတို့ရွာလေးရဲ့ကံကြမ္မာ တစ်မျိုးတစ်ဖုံပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ IMDb rating 6.6/10နဲ့ Rotten Tomatoes 100% ထိရရှိထားတဲ့ကားလေးမို့ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။