Beyond the Clouds FHD

Beyond the Clouds

Drama Family FHD 2018-04-20 6.4 120 Min

မှောင်မိုက်နေတဲ့ တိမ်တိုက်တွေရဲ့အလွန်မှာဘာတွေရှိနေသလဲ။နေရောင်ခြည်ပြပြလေးတော့ရှိနေမှာပဲ ဆိုတဲ့မျှော်လင့်ချက်နဲ့အသက်ဆက်ရှင်နေရတဲ့ လူ့ဘဝကြီးကိုပေါ်လွင်အောင်ရိုက်ပြထားတဲ့ အိန္ဒိယကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Beyond the Clouds (2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ …မွမ်ဘိုင်းမြို့ရဲ့လမ်းမတွေပေါ်မှာ ဆေးဝါးတွေကိုလိုက်လံပို့ဆောင်ပေးနေတဲ့ ကောင်လေး Amir…မောင်ဖြစ်သူ Amirကို ရဲလက်ထဲကနေကယ်တင်ဖို့ အကူအညီယူလိုက်ရတဲ့ Taara…Taara ကိုအကူအညီပေးရာမှ အခွင့်အရေးယူစော်ကားဖို့ကြိုးစားရင်း comaဖြစ်သွားခဲ့ရတဲ့ Akshi…ကိုယ့်ကိုထိပါးတဲ့လူကိုပြန်ခုခံခဲ့ရာကနေ Taari တစ်ယောက်ထောင်ကျဖို့ဖြစ်လာရပါတော့တယ်။အဲ့အချိန်မှာ ဆင်းရဲနွမ်းပါးသူသူတို့မောင်နှမ ဘာဆက်လုပ်ကြမလဲ။လုံးဝအမှောင်အတိဒုက္ခရောက်တဲ့အချိန်မှာရောက်လာနိုင်စရာမရှိတဲ့ အလင်းရောင်လေးကရော ရောက်နိုင်ပါ့မလားဆိုတာဆက်လက်ကြည့်ရှုဖို့ တော်တော်လေးတန်တဲ့ကားလေးတစ်ကားပါ။Imdb Rating 7.0/10 ရရှိထားပါတယ်။