Lambasingi HD

Lambasingi

Unknown HD 8.3 0 Min

လူမျိုးစုတွေနေထိုင်တဲ့ တောနက်ကြီးအနီးကနယ်မြို့လေးဆီမှာ တာဝန်ကျလာတဲ့ တပ်သားအသစ်ကလေး ဗီရာ။ဒီမြို့လေးမှာက ရာဇဝတ်မှုထွေထွေထူးထူး သိပ်မရှိတဲ့အတွက် အလုပ်တာဝန်ကြီးကြီးမားမားမရှိ။သူပုန်တွေ ပေါပေမဲ့ သူပုန်တွေကိုကိုင်တွယ်ဖို့ကလည်း တခြားတပ်စုကိုတာဝန်ပေးထားပါတယ်။ဗီရာလုပ်ရတာဆိုလို့ အရာရှိတွေ နိုင်ငံရေးသမားတွေ လာတဲ့အခါ ကြိုတင်စီစဉ်ဖို့နဲ့ကင်းလှည့်ဖို့အတွက်လောက်ပါပဲ။တာဝန်ထမ်းဆောင်ဖို့ နယ်မြို့လေးကို ရောက်ရောက်ချင်းနေ့မှာပဲ မိန်းကလေးတစ်ယောက်ကိုမြင်မြင်ချင်း ချစ်မိသွားပေမဲ့ ဘယ်သူဘယ်ဝါမှန်းက မသိလိုက်ရ။တစ်ရက် တွဲဖက်နဲ့အတူ လက်နက်ချထားတဲ့သူပုန်ဗိုလ်ကြီးဆီ လက်မှတ်သွားယူတဲ့အချိန်မှာသူချစ်မိတဲ့ မိန်းကလေးကို တွေ့လိုက်ရပါတယ်။မိန်းကလေးက လက်နက်ချထားတဲ့သူပုန်ဗိုလ်ကြီး ဖြစ်နေတဲ့အခါမှာတော့။သူတို့အချစ်ဇာတ်လမ်းလေးမှာ ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်ကြရမလဲ ခံစားကြည့်ရှုကြပါဦး။