Mongol: The Rise of Genghis Khan HD

Mongol: The Rise of Genghis Khan

Action History Adventure War HD 2007-09-20 6.786 125 Min

ဇာတ်လမ်းကိုတော့ ကျွန်အဖြစ်နဲ့ လှောင်အိမ်ထဲမှာ ရောက်နေတဲ့ခပ်ငယ်ငယ်အရွယ် ထယ်မူဂျင်းရဲ့ နောက်ကြောင်းပြန်မှုကနေ စတင်ထားပါတယ်။ အတ္ထုပတ္တိရုပ်ရှင်သဘောလည်းဖြစ်တာကြောင့် ဇာတ်လမ်းကိုတော့ဒီ့ထက်ပိုမပြောတော့ပါဘူး။ ဂျန်ဂျစ်ခန်းဆိုတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လာဖို့အတွက် ထယ်မူဂျင်းဆိုတဲ့ကောင်လေးရဲ့ အချစ်၊ မိသားစု နဲ့ သွေးစိမ်းရှင်ရှင်ထွက်တဲ့တိုက်ပွဲတွေကို အနုပညာမြောက်မြောက် ရောစပ်ထားပါတယ်။ ဒီရုပ်ရှင် ရိုက်ကူးတုန်းက ၁၄ လတိတိကြာမြင့်ခဲ့ပြီးရိုက်ကူးရေးအဖွဲ့ဝင်တွေထဲမှာ ဂျာမန်၊ မွန်ဂို၊ တရုတ်၊ဂျပန်၊ ရုရှ၊ ယူကရိန်း၊ ကာဇက်စတန်.. တို့လို့ လူမျိုးပေါင်းများစွာပါဝင်တာကြောင့် စကားပြန်အယောက် ၃၀ ကျော်ကိုရိုက်ကွင်းပေါ် အမြဲတမ်းခေါ်ထားခဲ့ရပါတယ်။ ပြီးတော့ မြင်းစီးစစ်သည်တော်တွေဟာလည်း သရုပ်ဆောင်တွေမဟုတ်ကြပဲကာဇတ်စတန်ကနေ လွှတ်လိုက်တဲ့ မြင်းစီးသမားအစစ်တွေဖြစ်တာကြောင့်သူတို့အတွက် ၂လသီးသန့် သရုပ်ဆောင်လေ့ကျင့်ရေး ဆင်းခဲ့ရပါသေးသတဲ့။ “ မြင်းရဲ့ကျောပေါ်ကနေ ကမ္ဘာကြီးကိုသိမ်းပိုက်ရတာက လွယ်ပါတယ်၊ မြင်းပေါ်က ဆင်းပြီးအုပ်ချုပ်ဖို့ကသာ ခက်တာ” တဲ့။  တစ်ခေတ်တစ်ခါရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးရဲ့ ငယ်ဘဝကိုမပင်မပန်းလေး ထိုင်ကြည့်နေနိုင်မှတော့ဒီအခွင့်အရေးမျိုး လက်လွတ်မခံလိုက်ပါနဲ့နော့်။